အခန်း 31

11K 433 23
                                    

"မီ ဆိုလိုတာက...."

စားပွဲပေါ်တင်ထားသည့် ဒေါ်ဝါဝါညွန့်ရဲ့သေးသေးသွယ်သွယ်လက်အစုံက လက်သီးဆုပ်အဖြစ်ပြောင်းသွားရင်း သူမရှေ့တွင်ထိုင်နေသည့် ဒေါ်မေမီကိုမျက်ခုံးကျူံ့ကြည့်ရင်း မေးသည်။

"ဟုတ်ပါတယ် အန်တီညွန့်...အန်တီညွန့်မြေးနဲ့ ချမ်းလေးက လူငယ်သဘာဝ စိတ်ကစားပြီး မေတ်တာမျှနေကြတယ်...အခု..သူတို့နှစ်ယောက်အတူတူရှိနေကြတဲ့ အဆင့်ထိဖြစ်သွားပြီ...အန်တီညွန့် သိတဲ့အတိုင်းပဲ ချမ်းလေးကို ဒါလီနဲ့ လူကြီးချင်းစကားပြောထားတာလေ...ဒါ..ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ်စပဲ...မီတို့ဘက်ကတော့ ဘယ်လိုမှ လက်ခံပေးလို့မရပါဘူး"

လမ်း ကောင်းကောင်းမလျှောက်နိုင် သေး၍ အိပ်ယာထဲ နေ နေရသည်တောင် ဒေါ်ဝါဝါညွန့်မျက်နှာထား တည်တည်က လူမမာရုပ်ပေါက်နေသည်မရှိ။‌ဒေါ်မေမီ ရောက်လာသည်ဆို၍ ဝှီးလ်ချဲဖြင့် ဧည့်ခန်းထဲ ထွက်တွေ့ လက်ခံ စကားပြောသည်။ဆံပင်တွေကို အပြောင်သိမ်းလှန်ထုံးထားကာ ပြာနုရောင် ပိုးသားဝတ်စုံနဲ့ သူမ ပုံစံကအရှိန်အဝါတစ်ခုရှိသည်။မျက်မှန်ကြည်ကြည် အောက်က သူမမျက်လုံးတို့က တစ်ဖက်လူကို စူးရဲစွာကြည့်နေသည်။

"မီ ပြောတာ သေချာရဲ့လား"

"သေချာပါတယ် အန်တီညွန့်..ချမ်းလေးက ဩစီသွားမယ်ဆိုပြီး အန်တီညွန့်မြေးနဲ့အတူ ထွက်ပြေးသွားတယ်..မီ့သားလေးက မီ့အပေါ်ဒီလို လုပ်ရက်မယ်လို့ တကယ်...အဟင်း..တကယ် မထင်ထားခဲ့ဘူး"

ပြောရင်း ဒေါ်မေမီက မျက်ရည်ရစ်သိုင်းလာတော့ သူမမျက်ရည်ကိုထိန်းရန် ဘာမှမဖြစ်သလို တစ်ချက်ရယ်ရင်း ဆက်ပြောသည်။ဧည့်ခန်းကျယ်ကြီးထဲတွင် ဒေါ်မေမီနဲ့ ဒေါ်ဝါဝါညွန့် နှစ်ယောက်မှ လွဲ၍ မည်သူမျှမရှိပေ။‌နေ့ အမေ ဒေါ်ငွေခင်က ဒေါ်ဝါဝါညွန့် ဆေးရုံမှ ဆင်းလာသည့် ရက်ကပင် တရားစခန်း ဝင်သွားသည်။သား ဖြစ်သူက ကိစ်စတစ်ခုရှိ၍ ခရီးထွက်သည်ဟု ဆိုထား၍ သူမ သားဖြစ်သူအတွက် ပူပန်နေခြင်းမရှိပေ။

"အန်တီညွန့် အက်ဆီးဒန့်ဖြစ်နေတာနဲ့ ကိုယ့်မြေးကို လွှတ်ထားသလိုဖြစ်သွားတယ်...သူ သူငယ်ချင်းတွေနဲ့ တစ်နေရာရာ ရောက်နေတယ်ပဲ ထင်ထားတာ...အင်း..မီဒီယာတွေ အာရုံမစိုက်မိခင် သူတို့နှစ်ယောက်ကိစ်စကို အမြန်ဆုံး ရှင်းကြတာပေါ့....မီ ရော ဘယ်လိုစဉ်းစားထားတာများရှိလဲ"

Falling In Love With My Husband.Where stories live. Discover now