အခန်း 16

16.8K 718 40
                                    


"အားလုံးပဲ...ဒီပွဲကို တက်ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံးပြောပါရစေ"

ဒေါ်ဝါဝါညွန့်က စင့်မြင့်ထက်နေရာ ယူရင်း ပြောတော့ ပွဲထဲရှိလူအားလုံးက အာရုံစိုက်နားထောင်ကြသည်။ပွဲတက်လက်မှတ်ရရှိသည့် သတင်းထောက်အချိူ့ကလည်း ဓာတ်ပုံရိုက် မှတ်တမ်းယူနေကြသည်။

"သတင်းတွေတော့ ကြားကြမယ်လို့ ထင်ပါတယ်...ဒီပွဲလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်မရဲ့ မြေးငယ်လေးကို အားလုံးနဲ့ မိတ်ဆက်ပေးချင်လို့ပါ....မြေး..နေမင်းတာရာ!"

ဒေါ်‌ဝါဝါညွန့်က နာမည်ခေါ်တော့ နေ က စင်မြင့်ပေါ်တက်လာသည်။‌နေ က အားလုံးကို ဦးညွှတ်အရိုအသေပေးပြီး ပြုံးပြသည်။‌ချောမောပြီး ဆွဲဆောင်မှုရှိသည့် လူငယ်လေးကြောင့်ပွဲခင်းထဲ ရှိ စီးပွားရေးလုပ်ငန်းရှင်အချိူ့ရဲ့ သမီးပျိူလေးတွေရဲ့ မျက်လုံးတွေလက်ခနဲဖြစ်သည်။

အနက်ရောင် ကုတ်ကို ရှပ်အနက်ပေါ်မှ ထပ်ဝတ်ထားပြီး အောက်ကရှပ်ကို အပေါ်ကြယ်သီး နှစ်လုံးခန့်ဖြုတ်ထားသည်။အနက်ရောင် ဘောင်းဘီရှည်က ခြေမျက်စိအတိဖြစ်ပြီး ‌black leather shoesကပြောင်လျက်နေလျက်။ကျစ်လစ်သည့်ကိုယ်ဟန်၊ မြင့်မားသည့်အရပ်အမောင်းနဲ့ နေ့ပုံစံက အရှိန်အဝါတစ်မျိူး ဖြာထွက်နေသည်။

နေ့ကို ချမ်းကမျက်လုံးဝိုင်းလေးဖြင့်ကြည့်နေသည်။ မောင့်ကို suitနဲ့တစ်ခါမှ မမြင်ဖူးသည် မို့ ချမ်း တကယ်ကြည့်မဝပေ။ဒီလိုပုံစံနဲ့ မောင်က တကယ်ခန့်ညားကာဆွဲဆောင်မှု ရှိသည်။ချမ်း မောင့်ကို သဘောကျစွာ ပြုံးပြုံးလေး ကြည့်နေမိသည်။

"ချောသားပဲ....ဒါလီ မင်းရဲ့မောင်နဲ့ တို့ကိုမိတ်ဆက်ပေးဖို့လိုနေပြီနော်"

ချမ်း တို့ထိုင်နေသည့်ဝိုင်းထဲက နီရင့်ရင့်ဝတ်စုံဝတ်ဆင်ထားသည့်ကောင်မလေးက ဘေးနားထိုင်နေသည့် ဒါလီကို ပခုံးပုတ်ကာပြောသည်။ထိုစကားသံ‌ကြောင့် နေ့ကို ကြည့်နေသည့် ချမ်း အာရုံကထိုကောင်မလေးထံ ချက်ချင်းရောက်သွားသည်။

"မိတ်ဆက်ပေးပါ့မယ် ရိုစီရယ်..ရှင်က မြင်မြင်ချင်းတို့ မောင်ကို ကြွေသွားပြီလား"

Falling In Love With My Husband.Where stories live. Discover now