အခန်း 26

12.5K 523 20
                                    

"ဟျောင့်တွေ...ငါလည်းပါမယ်"

ရွာလည်း လမ်းမ ဘောလုံးကွင်းနားစုနေသော သူအဖော်တစ်သိုက်ကိုမြင်သည်နဲ့ ကိုခန့်က ပြေးသွားတော့သည်။လေးငါးခြောက်ယောက်ရှိသည့်  ကလေးတွေ သရေကွင်းပေါက်တမ်းကစားနေကြတာဖြစ်သည်။ဘယ်က ရလာမှန်းမသိသည့် ဆေးလိပ်တိုလေးကို ထောင် ထားကာ ခပ်လှမ်းလှမ်းမှ တစ်ယောက်တစ်လှည့် သရေကွင်းဖြင့် လှမ်းပစ်ကြခြင်းဖြစ်သည်။ကိုခန့်က ကစားပွဲထဲရောက်သွားသဖြင့်  ချမ်း ဘေးနားမှာ ရပ်ကာ ကလေးတွေဆော့နေသည်ကိုသာ စိတ်ဝင်တစား ရပ်ကြည့်နေသည်။

ကိုခန့်က အဖွဲ့ထဲလူကောင်သေးသေးနဲ့ အပုဆုံးဖြစ်သည်။ငခန့် သူ့အလှည့်ရောက်တော့ သေချာ ချိန်ပြီး ပစ်လိုက်ပေမဲ့ ကပ်သီလေး လွဲသွားသည်။

"ဟာ..တောက်!ကွာ"

ငခန့်က လွဲသွားတော့ စိတ်ပျက်စွာ တောက်ခတ်သေးသည်။သူ သရေကွင်းငါးကွင်းကြီးတောင် စိုက်ထားရတာမလား။ငခန့် ပြီးတော့ နောက်တစ်ယောက်က အသားမည်းမည်း‌ လေးနဲ့အရပ်ရှည်ရှည် ကောင်လေးအလှည့်ဖြစ်သည်။ထိုကောင်လေးက သေချာချိန်ပစ်လိုက်တော့ မှန်သွားသည်။

"‌ယေးးမှန်ပြီကွ"

ထိုကောင်လေးက ပျော်ရွှင်စွာ ထအော်သည်။
သရေကွင်းပုံကြီးကို ထိုကောင်လေးအပိုင်သိမ်းသွားလေသည်။ငခန့် ငိုမဲ့မဲ့လေး ကျန်ခဲ့သည်။လက်မောင်းတွင် ပတ်ထားသည့် အနည်းငယ်သာ ကျန်တော့သော  သရေကွင်းအချိူ့ကို ကြည့်ရင်း  ငခန့်က ချမ်း ထံ အပြေးအလွှားပြေးလာသည်။

"ဦးဦး...သားကို သရေကွင်းပေါက်ပေး"

ချမ်း ကို မော့ကြည့်ကာ ပြောတော့သည်။ချမ်း မျက်လုံးလေးပြူးသွားရသည်။သူမှ သရေကွင်းမပေါက်ဖူးပဲ။

"ကိုခန့်...ဦးဦးက သရေကွင်း မပေါက်ဖူးဘူးလေ...ဦး ပေါက်ပေးလို့ သား သရေကွင်းတွေ  ရှုံးကုန်လိမ့်မယ်"

"ဟား..ဟား လူကြီးဖြစ်ပြီး သရေကွင်းမပေါက်တတ်ဖူးတဲ့"

"ဟား...ဟား..ဟား.."

ကလေး တစ်ယောက်က ချမ်း ကိုလက်ညိုးထိုးကာ တဟားဟားအော်ရယ်ရင်းပြောတော့ တခြားကလေးတွေပါ လိုက်ရယ်ကြသည်။ချမ်း ကြောင်ကြောင်လေး ဖြစ်သွားရသလို ငခန့်ကလည်း မျက်နှာလေးစူပုပ်နေတော့သည်။

Falling In Love With My Husband.Where stories live. Discover now