"မောင်...သွားချိူးမယ် နော်..နော်"ချမ်းက နေ့လက်မောင်းအားတွဲချိတ်ကာ နေ့ မျက်နှာအား မော့ကြည့်ပြီး ချွဲချွဲလေးဆိုသည်။ချမ်း ငခန့်တို့နှင့်အတူ ရွာထိပ်ချောင်းမှာ ရေသွားချိူးချင်၍ နေ့ကိုပူဆာနေခြင်းဖြစ်သည်။ချမ်း ကိုယ်ဝန်ရှိလာကတည်းက နေက ချမ်းကိုမျက်စိအောက်က အပျောက်မခံသည်မို့ ချမ်း မှာဟိုမသွားရ ဒီမသွားရ။ရွာထိပ်မှာ စမ်းချောင်းရှည်ကြီးတစ်ခုရှိသည်ဖြစ်ပြီး အနည်းငယ် ရေစီးသန်ကာ ကြည်လင်စိမ်းမြနေသည်။အိမ်တိုင်းလိုလို လက်နှိပ်ရေတွင်းတွေရှိပေမဲ့ ထိုစမ်းချောင်းမှာ ရေဆင်းချိူးကြသူများလည်း မပြတ်ပေ။
"ဖြစ်ပါ့မလား ဘေဘီ..တစ်ခါမှမချိူးဖူးပဲနဲ့ နေမကောင်းဖြစ်နေလိမ့်မယ်"
"မဖြစ်ပါဘူး ချမ်း သွားချိူးချင်လို့ပါ နော်..မောင်....မောင်ရော လိုက်ခဲ့လေ"
မျက်နှာလေး မော့ကာပြောနေသူကိုကြည့်ရင်း နေ အသည်းယားလာရသည်။ဒီရက်ပိုင်းမှ ချမ်းက သူ့အပေါ်အရမ်းချွဲတတ်လာသလို စိတ်ကလည်းကောက်နိုင်လာပါဘိ။အခုလည်း ရောက်ကတည်းက တစ်ခါမှ စမ်းချောင်းထဲသွားချိူးဖို့မပြောတဲ့သူက ငခန့်တို့ကလေးတစ်သိုက်နဲ့အတူ သွားချိူးချင်သည် ပူဆာနေသည်။ဒီအချိန်ဆို ချောင်းက ရေလာချိူးသည့် ပျိူပျိူအိုအိုလူပေါင်းစုံ စည်နေတတ်သည်။လူအများကြားထဲ အဝတ်အစားချွတ်နဲ့ မနေလိုစေသည်မို့ နေ ချမ်းကိုသွားမချိူးစေချင်ပေ။သို့ပေမဲ့....
"ဦးဦး..လိုက်မှာလား သားတို့ ချိူးချင်လှပြီဗျ"
အိမ်ရှေ့တွင် အင်ကျီချွတ်လေးတွေနဲ့ စောင့်နေကြသော ကလေးသိုက်ထဲမှ ငခန့်အသံထွက်ပေါ်လာသည်။
"မောင်လို့!!မောင်မလိုက်လည်း ချမ်း တစ်ယောက်တည်းသွားချိူးမှာနော်"
ချော့ပြောမရသည်မို့ ချမ်း မျက်နှာလေးစူတင်းတင်းဖြစ်လာသည်။
"အဆိုးပဲကွာ..မောင်က စိတ်ပူလို့ပြောနေတာ"
"အဲတာဆို မောင်ရောလိုက်ခဲ့လေ...တကယ်တော့ ချမ်း ချိူးချင်တာမဟုတ်ပါဘူး ဗိုက်ထဲက မောင့်သားက ချိူးချင်လို့...သားလေးက ရေထဲကစားချင်လို့တဲ့"

YOU ARE READING
Falling In Love With My Husband.
RomanceSeason 1 သာမာန် လူလတ်တန်းစား မိသားစုက တက်ကြွကာ အလုပ်ကြိုးစားသော ခပ်ချောချောကောင်လေး နေမင်းတာရာ မျိူးရိုးမြင့် မိသားစုကြီးမှ အနေ အေးဆေးတည်ငြိမ်ကာ နူးညံ့လှပသော ကောင်လေး ချမ်း ဆယ်ကျော်သက်အရွယ်တွင် အချစ်ကိုရုးမိုက်စွာ ကိုးကွယ်ကာ နှစ်ယောက်တစ်ဘဝတည်ထောင်ပ...