အခန်း 43

11.9K 530 36
                                    

"အင့်"

"sorry...sorryပါဗျ"

နေ အလောတကြီး ပြေးလာနေသည်မို့ တခြားသူတွေနဲ့ ပခုံးချင်း တိုက်မိကုန်သည်။နေ တောင်းပန်စကားအမြန်ဆိုပြီး ဆက်ပြေးလာသည်။လေဆိပ် ရှိအဆောက်အဦးကြီးထဲ လူတွေ ဟိုဒီသွားလာလှုပ်ရှားနေကြပေသည်။နေ မျက်လုံးအစုံကို အလုပ်ပေးကာ ဟိုဒီဝေ့ဝဲရှာသည်။သူ မမှီတော့ဘူးလား။ချမ်း..ချမ်း တကယ်ပဲ ထွက်သွားပြီလား။ချမ်း ဒီနေ့ပဲ ဒေါ်မေမီနဲ့အတူ ဩစီကိုထွက်သွားတော့မည် ဟု သတင်းရ၍ နေ အလောတကြီး လေဆိပ်သို့ အပြေးရောက်လာခြင်းဖြစ်သည်။အရင်တုန်းက ဒီလေဆိပ်မှာပဲ ချမ်း သူနဲ့အတူတူလိုက်ပြေးဖူးခဲ့သည်။ဒီတစ်ခါတွင်တော့ ဒီလေဆိပ်မှာပဲ သူ့ကို ချန်ထားခဲ့တော့မည်။

"အားလုံးပဲ...အေးချမ်းတဲ့ မဂ်လာနံနက်ခင်းလေးပါရှင်...ဩစတေးလျနိုင်ငံသို့ ခရီးစဉ်သည် မကြာခင်စတင်တော့မှာဖြစ်ပါသဖြင့် လေယာဉ်ပေါ်သို့ နေရာယူပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည် ရှင်"

ချိူသာသည့် လေယာဉ်မယ် အသံ ပျံ့နှံ့လာသည်နဲ့ ထိုင်နေသည့် လူအချိူ့လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။အနက်‌ရောင် တူညီဝတ်စုံတွေ ဝတ်ဆင်ထားသည့် ကိုယ်ရံတော် သုံးယောက်ဝန်းရံလျက် မြင်လိုက်ရသည့် ချမ်း ပုံရိပ်လေးကြောင့် နေ စိတ်လှုပ်ရှားစွာ ချမ်း ရှိရာသို့အမြန်ပြေးသွားမိသည်။

"ဘေဘီ!....နေပါအုံး...ချမ်း!!"

နေ့ အော်သံကျယ်ကျယ်ကြောင့် တခြားလူတွေ စိတ်ဝင်တစားလှည့်ကြည့်လာကြသလို့ ဒေါ်မေမီနဲ့အတူ လေယာဉ်ရှိရာထံသို့ လှမ်းနေသည့် ချမ်း ခြေလှမ်းလေးတွေ ရပ်တန့်သည်။

"ဒီကောင်လေး...."

ခြေလှမ်းကျယ်တွေနဲ့ ပြေးလှမ်းလာနေသည့် နေ့ကို မြင်လိုက်သည်နဲ့ ဒေါ်မေမီ အလိုမကျစွာ မျက်ခုံးကျူံ့သည်။ဒေါ်မေမီ လူယုံတော် သုံးယောက်က အနားရောက်လာသည့် နေ့ကို အမြန်ပင် ဖမ်းချူပ်လိုက်ကြသည်။

"ဘေဘီ...မသွားပါနဲ့..ကိုယ်တောင်းပန်ပါတယ် ကိုယ့်ဆီပြန်လာခဲ့ပါနော်"

ထို ဖမ်းချူပ်ထားသည့် လက်တွေကြားမှ ပင် နေ သူ့ကို မျက်နှာတည်လေးဖြင့် စိမ်းကားစွာကြည့် နေသည့် ချမ်း အားတောင်းပန်စကားဆိုသည်။နေ ကိုယ့်ကိုယ်ကို ဘယ်လောက်ထိနှိမ့်ချ နေမိမှန်းမသိတော့။သူ ဟာချမ်းနဲ့ပတ်သက်လာလျှင် မာန်မာန မရှိသည့် လူတစ်ယောက်ဖြစ်သည်။

Falling In Love With My Husband.Where stories live. Discover now