အခန်း 15

14.2K 653 30
                                    

"‌သော်ဇင်...မင်း ကို ခိုင်းစရာရှိတယ်"

ဒေါ်မေမီ မျက်နှာကခပ်တင်းတင်းဖြစ်ကာ အရယ်အပြုံးမရှိ‌ပေ။သူမ ရှေ့ရှိလူကလည်း တစ်ကိုယ်လုံး နက်စွေးနေကာ မျက်နှာသေဖြင့် ဖြစ်သည်။‌

"အမိန့်ရှိပါ သခင်မ"

ထိုလူက ခေါင်းညွှတ်ရင်း တရိုတသေဆိုသည်။ထိုလူက ဒေါ်မေမီရဲ့သီးသန်လူယုံတော်ဖြစ်သည်။ဒေါ်မေမီက ဓာတ်ပုံတစ်ပုံရှေ့ချပေးလိုက်ကာ......

"ဒီ‌ကောင်လေးအကြောင်း  တစ်ခုမကျန်အကုန်သိချင်တယ်...ပြီးတော့ ချမ်းလေးနဲ့ဘယ်လိုပတ်သက်နေတယ်ဆိုတာရော"

ဓာတ်ပုံ ထဲမှာ နေနဲ့ချမ်းက  ဆိုင်တစ်ဆိုင်ထဲ မျက်နှာချင်းဆိုင်ထိုင်နေကြသည်ဖြစ်ပြီး နေက ချမ်း နှုတ်ခမ်းလေးကို လက်မဖြင့်ဖွဖွဖိသုတ်ပေးနေဟန်ဖြစ်သည်။ပုံရိုက်ထားသည်က ဘေးစောင်းပုံဖြစ်ပေမဲ့ ချမ်း မျက်နှာလေးပြုံးရွှင်နေသည်ကို အတိုင်းသားမြင်ရသည်။တစ်ဖက်မှ နေ ကလည်း ချမ်းကိုသဘောတကျပြုံးကြည့်နေသည့်ပုံ ဖြစ်သည်။
သည်ပုံက ဒေါ်မေမီချမ်းတို့နဲ့လမ်းမှာတွေ့ပြီးအပြန် ချမ်းတို့နောက် လူလွှတ်ရိုက်ခိုင်းထားခြင်းဖြစ်သည်။

သော်ဇင်ဆိုသည့် ထိုလူက ဓာတ်ပုံကိုတစ်ချက်ကြည့်ကာ ခေါင်းငြိမ့်သည်။

"ကျွန်တော် သိပါပြီ သခင်မ ၊ခုချက်ချင်း စုံစမ်းလိုက်ပါမယ်"

"ကောင်းပြီ"

သော်ဇင်က အရင်အိမ်တော်ထိန်းရဲ့ သားဖြစ်သည်။ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးရှုံးလိုက်ရသည်မို့ မြတ်ကုဍေ မိသားစုကပင် ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ဒီ မိသားစုက သူ့အပေါ်ကျေးဇူးကြီးမားသည်မို့ သော်ဇင်သည် ဒီမိသားစုအပေါ်သစ်စာစောင့်သိသည်။ဒေါ်မေမီ သေဆိုသေ၊ရှင်ဆိုရှင် ဖြစ်သည်။သော်ဇင်က အရိုအသေပေးပြီးထွက်သွားတော့ ဒေါ်မေမီတစ်ယောက်တည်း စာကြည့်ခန်းထဲကျန်ခဲ့သည်။

မြတ်ကုဋေ အိမ်တော်က အထပ်သုံးထပ်ဖြင့်ဖွဲ့စည်းထားသည်။အပေါ်ဆုံးထပ်မှာ စာကြည့်ခန်း၊အလုပ်ခန်း တွေထားရှိသည်။ဒုတိယ ထပ်က ချမ်း နေထိုင်သည်။အောက်ဆုံးထပ်တွင် ‌ဦးကောင်းမြတ်နဲ့ဒေါ်မေမီတို့ ဇနီးမောင်နှံနေထိုင်သည်။အလုပ်သမားတန်းလျားလည်း ရှိသည်ဖြစ်သည်။

Falling In Love With My Husband.Where stories live. Discover now