အခန်း 12

13.5K 701 24
                                    

အိမ်ရှေ့ခန်း တွင် ထောင်ထားသည့် မှန်ဘောင်ချထားသော ဓာတ်ပုံထဲမှ လမင်းပုံလေးက ပါးချိုင့်လေးတွေပေါ်အောင် အလှဆုံးပြုံးပြနေလျက်။အသုဘ ရောက်လာကြသည့် လူတချိူ့တလေ ရှိပေမဲ့ အိမ်ကတိတ်ဆိတ်နေသည်။ဒေါ်ငွေခင်က လမင်း အလောင်းထည့်ထားရာ ပန်းတွေအလှဆင်ထားသောခေါင်းတလားဘေးမှာ အိမ်နံရံမှီထိုင်နေသည်။‌ဒေါ်ငွေခင် ဘာစကားမှမဆိုပဲ မျက်ရည်တွေသာတသွင်သွင် စီးကျနေသည်။သေမင်းက ဒီအမယ်အိုကိုခေါ်မသွားဘဲ၊သူမ သမီး..သမီးလေးကိုမှ။

နေက အိမ်အောက်တွင်ချထားသော ခုံတန်းပေါ်၌ ခြေထောက်တစ်ဖက်အောက်ချကာ ဒူးတစ်ဖက်ထောင်လျက် ငူငူကြီးထိုင်နေသည်။အစ်မ မရှိတော့ဘူးဆိုတာ သူအခုထိမယုံနိုင်သေးဘူး။နေ့ဆံပင်တွေ စီးနေကျအတိုင်းထိပ်လှန်စုစည်းထားသည့်ဆိုပေမဲ့ လျော့ရဲရဲဖြစ်နေသည်။ဆံပင် တချိူ့တလက ရှေ့သို့ပြန်ကျနေကာ နေ့မျက်နှာချောချောက နွမ်းလျနေသည်။နေ့ မျက်လုံးတွေက အနည်းငယ်နီရဲနေလျက်။

အိမ်ရှေ့တွင် ကားတစ်စီးရပ်လာသည်။ကား ထဲမှထွက်လာသူကြောင့် နေ့ မျက်ခုံးအစုံကျူံ့သွားသည်။ဦးမြတ်မင်းက မျက်မှန်အကြည်လေးတပ်လျက်၊ရှပ်နဲ့ပုဆိုးကို ဝတ်ဆင်ထားသည်။ဦးမြတ်မင်း နောက်မှ ချမ်းပါ ပါလာသည်။

"တာရာ..ကိုယ်ခဏလောက်....."

"အစ်မကခင်ဗျားကို တွေ့ချင်မှာမဟုတ်ဘူး...ဒီအတိုင်း လှည့်ပြန်လိုက်တာကောင်းမယ်"

ဦးမြတ်မင်းစကား မဆုံးခင် နေက ခပ်မာမာဆိုလာသည်။ ဦးမြတ်မင်း မျက်ရည်တွေစီးကျလာကာ....

"ကိုယ်သိပါတယ်..ကိုယ့်ကို လမင်းက မတွေ့ချင်ဘူး ဆိုတာ ကိုယ်သိပါတယ် ဒါပေမဲ့ သူ့ရဲ့နောက်ဆုံးခရီးလေးမှာ ကိုယ် ခဏလောက် သူ့ကိုမြင်ချင်သေးတယ်"

"မြင်ချင်သေးတယ်..ဟုတ်လား ခင်ဗျားမြင်တော့ အစ်မကအသက်ပြန်ရှင်လာမှာလား..‌.ခင်ဗျား ပြန်လိုက်တော့..ခင်ဗျားတို့ကြောင့်!..အစ်မသေရ‌တာ ခင်ဗျားတို့ကြောင့်!!"

နေက ဒေါသမထိန်းနိုင်သလို လက်သီးဆုပ်နေရင်းမှ အသံဟိန်းခနဲထွက်လာသည်။ဦးမြတ်မင်းနဲ့ တွေ့ပြီးအပြန်မှာ အစ်မ ကားအက်ဆီးဒန့်ဖြစ်သည်။ဒီကိစ်စက ရိုးမှရိုးသားရဲ့လား ။ဒေါ်မေမီ လက်ချက်မဟုတ်ဘူးလို့ သေချာပေါက်ဆိုနိုင်ရဲ့လား။

Falling In Love With My Husband.Where stories live. Discover now