အခန်း 37

9.8K 421 13
                                    

"ဘယ်က ပြန်လာတာလည်း ချမ်းလေး"

ချမ်း ပန်းသီးစားချင်သည်မို freezerထဲ ပန်းသီးသွားယူအကြံဖြင့် ထမင်းစားခန်းထဲရောက်လာစဉ်မနက်စာ စားနေသည့် မာမီတို့နဲ့ ပက်ပင်းတိုးသည်။ထမင်းစားခန်းထဲ လှမ်းလာသည့် ချမ်း ခြေလှမ်းလေးတွေတုံ့ခနဲဖြစ်သည်။မောင်နဲ့တွေ့ပြီးပြန်လာတာဟု အမှန်အတိုင်းပြောပြလိုက်ရင်‌ မာမီ စောစောစီးစီးဒေါသထွက်နေအုံးမည်ဖြစ်သည်။

"မီ...သားက ကလေးမှ မဟုတ်ဘဲကွာ..ဟိုဟိုဒီဒီလေးတော့ သွားချင်မှာပေါ့"

"ကို့သားက ကိုယ်ဝန်ကြီးနဲ့သိလား..တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

ဦးကောင်းမြတ်စကားကို ဒေါ်မေမီက ဒေါသမျက်စောင်းဖြင့် ချက်ချင်းပြန်ချေပသည်။သားကို ဆုံးမပြီဆိုရင် သူ့ဒယ်ဒီက ငယ်ငယ်ကတည်းက ကာဆီးကာဆီးလုပ်တတ်လွန်းသည်။

"သား ဒီနားတင်လေး လမ်းလျှောက်ထွက်တာပါ မာမီ"

"ထားပါတော့...မာမီကြိုပြောထားမယ်နော် ချမ်းလေး...မာမီ မသိဘဲ မင်းယောကျာ်းနဲ့တွေ့ဖို့မစဉ်းစားနဲ့"

ဒေါ်မေမီက စားလက်စပင်ရပ်ကာ ချမ်းကို တင်းတင်းမာမာပြောသည်။ချမ်း မျက်နှာမကောင်းဖြစ်သွားပေမဲ့ ဘာမှပြန်မပြောပေ။freezerထဲက ပန်းသီးတစ်လုံးယူပြီး ထမင်းစားခန်းထဲက ချက်ချင်းပြန်ထွက်သွားတော့သည်။သား ဖြစ်သူ မျက်နှာညှိုးနွမ်းသွားသည်ကို မြင်လိုက်ရသည်မို့ ဦးကောင်းမြတ် စားလက်စရပ်တန့်ကာ ဇွန်းချသည်။

"မေမီ..သားတို့ကကလေးတောင်ရနေပြီကွာ...မင်း သူတို့ကို လက်ခံပေးလို့မရဘူးလား"

"ကိုကောင်းမြတ်..ရှင် နည်းနည်းလေးတောင် မတွေးခေါ်တတ်တော့ဘူးလား....မြတ်ကုဋေအိမ်က တစ်ဦးတည်းသော သားက ယောကျာ်းယူပြီး ကလေးပါမွေးထားတယ်ဆိုတဲ့ သတင်းထွက်ချင်လို့လား...သူများတွေလက်ညှိုးဝိုင်းထိုးတာခံချင်လို့လား......"

"ခံသင့်ရင်ခံရမှာပဲ မေမီ...မင်း သားက အဲဒီကောင်လေးနဲ့ဖူးစာပါလို့ ကလေးတောင်ရ‌နိုင်တယ်မဟုတ်ဘူးလားကွာ...ဒီအခြေအနေထိမှ သဘောမတူနိုင်သေးရင် ငါတို့သားလေးအပေါ်ရက်စက်လွန်းရာကျတယ်....."

Falling In Love With My Husband.Where stories live. Discover now