အခန်း 35

10.8K 477 22
                                    

"အဘွား...ကိုနေ့ကို ဖိတ်ထားတယ်မလား"

ပန်းနုရောင် ဂါဝန်ကိုယ်ကပ်ဆွဲသား‌လေးဝတ်ဆင်ထားကာ ဆံပင်ကိုဖဲကြိုးလေးနဲ့ မြင့်မြှောက်စွာ စုစည်းထားသည့် မွေးနေ့ရှင် ကောင်မလေး ဆူးငယ်ချိူက အဘွားဖြစ်သူလက်မောင်းအားဆွဲခိုရင်း ခပ်ချွဲချွဲဆိုသည်။

"ဖိတ်ထားပါတယ်ရှင်..မကြာခင်ရောက်လာပါလိမ့်မယ်"

အဘွားဖြစ်သူက မြေးမလေးအား ချစ်စနိုးပြုံးကြည့်ရင်းပြန်ဖြေသည်။မွေးနေ့က ဆူးငယ်ရဲ့အသက်နှစ်ဆယ့်တစ်နှစ်ပြည့် မွေးနေ့ဖြစ်သည်။ဆူးငယ် မိခင်ဖြစ်သူက ဆူးငယ် ငယ်ငယ်ကတည်းက ဆုံးပါးသွားသည်မို့ အဘွားနဲ့‌အဖေ ဖြစ်သူတို့က ဆူးငယ်အား မျက်နှာတစ်ချက်မှ အညိုမခံ ချစ်ခင်အလိုလိုက်ကြပါသည်။ဆူးငယ်  နေမင်းတာရာဟု ခေါ်သောThe Sunရဲ့အငယ်ဆုံး သခင်လေးအား သူ့ကိုမိတ်ဆက်ပွဲလုပ်ပေးသည့် ပွဲမှာ မြင်မြင်ချင်းကြွေကျခဲ့ရတာဖြစ်သည်။

နောက်ပိုင်း အဘွားနဲ့အတူ The Sun အိမ်တော်ကိုအလည်အပတ်သွားခဲ့ပေမဲ့ ကိုနေ့အရိပ်အယောင်ပင်မမြင်ခဲ့ရ။ဘွားဘွားညွန့်အား ဟိုလိုလိုဒီလိုလိုဖြင့် မေးကြည့်တော့ သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်နေသည်ဟု သိခဲ့ရသည်။ကိုနေ ပြန်ရောက်နေပြီဟု ကြားသည်နဲ့ သူမမွေးနေ့အား အကြောင်းပြကာ အဘွားဖြစ်သူအား ကိုနေ့ကို မရ ရအောင် မွေးနေ့ဖိတ်ပေးပါဟု အပူကပ်ခဲ့ရသည်ဖြစ်သည်။အဘွားက သူမ ‌ကိုနေ့ကိုသဘောကျနေမှန်း ရိပ်မိသော်လည်း တားမြစ်ခြင်းမရှိပေ။ကိုနေက ဘွားဘွားညွန့်ရဲ့မြေးမဟုတ်လား။

မွေးနေ့က ဆူးငယ်အပေါင်းအသင်း လူငယ်လူရွယ်တွေဖြင့်စည်ကားနေသည်။ဘွားဘွား အသိမိတ်ဆွေ လူကြီးအချိူ့လည်းပါဝင်ပေသည်။

"‌မြေးလေး...ဘွားဘွားမိတ်ဆွေတွေ ဝိုင်းသွားလိုက်အုံးမယ်..လိုက်မလား"

"မလိုက်ချင်ပါဘူး..မြေးသူငယ်ချင်းတွေနားပဲနေခဲ့မယ်"

"ဟုတ်ပါပြီ"

ဘွားဘွားက ပြောပြီး သူ့မိတ်ဆွေတွေဝိုင်းထံ ထွက်သွားသည်။ဆူးငယ် လက်ထဲက ဝိုင်ခွက်ကိုမော့သောက်ရင်း အဝင်ဝ ကို စောင့်ကြည့်နေမိသည်။ကိုနေက နောက်ကျလိုက်တာ။

Falling In Love With My Husband.Where stories live. Discover now