အခန်း 39

10K 470 47
                                    

"ကိုနေ...ကမ်းပေ့ခ်ျ!!!"

ဆူးငယ်က လက်လက်ထထနေသည့် ပေါင်လယ်လောက်အနီ‌ရောင်ဂါဝန် တိုတိုကပ်ကပ်လေး ဝတ်ဆင်ထားကာ နေ့ ဝိုင်ခွက်ကို လာတိုက်ရင်း ရွှင်မြူးတက်ကြွစွာ ပြောလာသည်။ညမီးရောင် လင်းထိန်ထိန်အောက် သူမဝတ်စုံလေးက တလက်လက်‌ထကာ လူအများကြားပေါ်လွင်ဆုံးဖြစ်နေသည်။ဖြူဖွေးဆွတ်နေသည့် အသားအရည်နဲ့ အမို့အမောက်ထင်ရှားပေါ်လွင်နေသော သူမခန်ဓာကိုယ် သွယ်လျလျလေးကြောင့် ပွဲရှိပုရိသတချိူ့ရဲ့ မျက်လုံးတွေက သူမထံဝေ့ဝဲကျနေသည်။

ဒေါ်ရိုဆီဆူးရဲ့အချစ်ဆုံး မြေးမလေးဖြစ်သလို လှလှပပနုနုနယ်နယ်လေးမို့ သူမကိုစိတ်ဝင်စားသဘောကျကြသည့် စီးပွားရေးလုပ်ငန်းရှင်တချိူ့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့သား တွေ ရှိပါသည်။သို့ပေမဲ့ ဆူးငယ်က သူမအပေါ်ချေမိုးလွန်းသည့် နေ့ကိုမှ တန်းတန်းစွဲသဘောကျနေခဲ့သည်။

နေက အလိုက်သင့် ခွက်မြှောက်ပေးလိုက်သည်။သို့ပေမဲ့ နေ့မျက်နှာချောချောက တည်တည်တင်းတင်းပင်ဖြစ်သည်။ဒီကောင်မလေးနဲ့ ပတ်သက်ပြီး ချမ်း သူ့ကိုမယုံကြည်ဖြစ်ခဲ့ကတည်းက နေ ဒီကောင်မလေးနဲ့ ခပ်ခွာခွာနေရန် စဉ်စားထားသည်။ပွဲခန်းမထဲ ဝိုင်ခွက်ကိုင်ကာ လူကြီးပိုင်းတွေ၊လူလတ်ပိုင်းတွေက ဟိုတစ်စုဒီတစ်စု ရပ်နေကြလျက်။The Sun Group 65နှစ်ပြည့် အထိမ်းအမှတ်ပွဲမို့ စီးပွားရေး လုပ်ငန်းရှင်တွေအပြင်ဖိတ်ကြားထားသည့်အနုပညာရှင် အချိူ့ပါတက်ရောက်ကြသည်။The Sun Group ပိုင် Royal Hotelမှာ ပွဲကျင်းပတာဖြစ်သည်။အပြင်ဘက်Hotel ရှေ့ ရေကူးကန်နားတွင်လည်း ရောင်စုံမီးသီးတွေဖြင့် အလှဆင်ထားကာ ပွဲဝိုင်းတွေ ရှိသည်။

ဒေါ်ဝါဝါညွန့်က စီးပွားရေးလုပ်ငန်းရှင်တချိူ့၊သက်ကြီးပိုင်း အနုပညာရှင်တစ်ယောက်နှင့် ဝိုင်းဖွဲ့စကားလက်ဆုံကျနေသည်။

"ဒီက ဘွားညွန့် မြေး နေမင်းတာရာ ထင်တယ်"

အရပ်ရှည်ရှည်၊အသားဖြူဖြူနဲ့ တက်သစ်စ မင်းသားတစ်ယောက်က နေ့ နားရောက်လာကာ မိတ်ဆက်စကားဆိုသည်။နေ ဖော်ဖော်ရွေရွေပြန်လည်ပြုံးပြသည်။

Falling In Love With My Husband.Where stories live. Discover now