"ချမ်းမြေ့ရောင်...မင်း တော်တော် ခေါင်းမာပါ့လား"
ဒေါ်မေမီ အသံကမာထန်နေသလို မျက်နှာက လည်း တင်းမာနေသည်။ချမ်း မာမီ့ရှေ့မှာခေါင်းလေးငုံ့လျက်အဆူခံနေရသည်။ချမ်းနှင့် နေ ကန်တင်းမှာ အတူထမင်းစားနေသည့်videoဖိုင်လ်အတိုလေးကို တစ်ယောက်ယောက်က ကျောင်း mail boxမှာ တင်လိုက်သည်။
ငယ်ရွယ်ကာ ချောမောသန့်စင်သည် လူငယ်လေးကသူစားသောက်နေရင်းပင် ဘေးကဖြူနုနုကောင်လေးကို တရင်းတနှီးခွံ့ကျွေးလိုက်သည့် video လေးဖြစ်သည်။ထိုမြင်ကွင်းလေးက ရှုထောင့်ကောင်းကောင်းမှ ရိုက်ထားနိုင်ပြီး သဘာဝတကျရှိလှသည်။လူငယ်လေး၏မျက်ဝန်းထဲတွင် ချစ်ခင်ကြင်နာအလိုလိုက်သည့်ပုံရိပ်တို့ထင်ဟပ်နေသလို ကောင်ငယ်လေးကလည်း ထိုအလိုလိုက်ချစ်ခင်ကြင်နာမှုတို့ဖြင့် အသားကျနေဟန်ပေါ်သည်။
ထိုvideoဖိုင်လ်က lgbtကိုထောက်ခံသည့်မိန်းကလေး fujiတွေကြား အတော်ပေါက်ကြားသွားပြီး social media ပေါ်အတော်လေးပျံ့နှံ့သွားသည်။"မင်းနဲ့ဆို နှစ်ယောက်ထမင်းတစ်ပန်းကန်အတူ စားရလည်း နိဗာန်ပါပဲ"ဆိုသည့် roဆန်ဆန်ခေါင်းစဉ်နဲ့အတူ shareသွားကြသည့် blစုံတွဲတွေကလည်း ရာချီ။
ထို videoဖိုင်လ်က ဒေါ်မေမီ မျက်စိရှေ့ရောက်သွားသည်။social mediaမှမူရင်း videoဖိုင်လေးက ချက်ချင်းပျောက်ကွယ်သွားရသလို ချမ်း ဆူခံရတော့သည်။
"မြတ်ကုဋေ မိသားစုရဲ့တစ်ဦးတည်းသော သားက ယောကျာ်းချင်းကြိုက်နေတယ် အဲဒီ သတင်းထွက်လာမှ မင်း ပျော်မှာလား .....ဟင်!....ငါ့ကိုအရှက်ခွဲရမှ မင်း ကျေနပ်မှာလား ပြောစမ်းပါ ချမ်းမြေ့ရောင်!!"
ဒေါ်မေမီ စိတ်တိုလွန်းသဖြင့် သွေးပင်တက်တော့မတတ်။ဦးကောင်းမြတ် ဘေးတွင်ထိုင်နေကာ ဘာမှဝင်မပြောပေမဲ့ မျက်နှာကတော့အတော်ပျက်ယွင်းနေသည်။တစ်ဦးတည်းသော သားလေးက ယောကျာ်းချင်းကြိုက်နေသည်ကိုတော့ သူလက်ခံဖို့မလွယ်ကူလှပေ။
"မင်း မနက်ဖြန် နိုင်ငံခြားသွားဖို့ပြင်တော့"
"မာမီ!!"
ထို စကားကြောင့်တစ်ချိန်လုံး ခေါင်းငုံ့နေသည့် ချမ်း ထံမှအသံလေးထွက်ပေါ်လာသည်။

YOU ARE READING
Falling In Love With My Husband.
RomanceSeason 1 သာမာန် လူလတ်တန်းစား မိသားစုက တက်ကြွကာ အလုပ်ကြိုးစားသော ခပ်ချောချောကောင်လေး နေမင်းတာရာ မျိူးရိုးမြင့် မိသားစုကြီးမှ အနေ အေးဆေးတည်ငြိမ်ကာ နူးညံ့လှပသော ကောင်လေး ချမ်း ဆယ်ကျော်သက်အရွယ်တွင် အချစ်ကိုရုးမိုက်စွာ ကိုးကွယ်ကာ နှစ်ယောက်တစ်ဘဝတည်ထောင်ပ...