အခန်း 29

12.1K 557 36
                                    

"ဘေဘီ"

ခေါ်သံနဲ့အတူ ချမ်း ဘေးနားလှဲလာသူကြောင့် ချမ်း မျက်လုံးလေးတွေမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။ဟိုကပြန်ရောက်ကတည်းက ချမ်း မောင့်ကိုမျက်နှာချင်း မဆိုင်ဖြစ်သေးတာဖြစ်သည်။ဗိုက်မဆာဘူး ဆိုသည့်အကြောင်းပြချက်နဲ့ ထမင်းတောင်သွားမစားဖြစ်ပေ။နေက ချမ်း နောက်မှာဝင်လှဲကာ ချမ်း ခါးလေးကိုနောက်ကနေတင်းတင်းကြပ်ကြပ်ပွေ့ဖက်သည်။

"မောင့်ကိုစိတ်ဆိုးနေတုန်းလား...အဲလိုကြီး မနေပါနဲ့ကွာ...ဘေဘီ စိတ်ဆိုးနေရင်း မောင်တကယ်မနေတတ်ဘူး...စိတ်ဆိုးပြေပါတော့နော်...ဘေဘီနော်"

နေက ချမ်းခါးလေးကိုတင်းတင်းတိုးဖက်ရင်း ချမ်း ဂုတ်ပိုးလေးကိုမျက်နှာအပ်နမ်းရှိုက်ရင်း ပြောသည်။ချမ်း သူ့ကိုရှောင်ဖယ်နေတာ တွေ နေ တကယ်မခံစားနိုင်ပေ။

"ကျွန်တော် အိပ်တော့မယ်"

တတွတ်တွတ်တောင်းပန်စကားဆို‌‌ နေသူကြောင့်ချမ်း မျက်လုံးလေးမှိတ်နေရာမှ ပြောလိုက်သည်။ချမ်း စိတ်အခြေအနေမကောင်းသည်မို့ မောင်နဲ့ စကားမပြောချင်သေးပေမဲ့ မောင် သူ့ကိုတောင်းပန်စကားဆိုနေသည်ကိုတော့ မကြားရက်ပေ။မောင် ခဏလောက် သူ့ကိုဒီအတိုင်းလွှတ်ထားပေးရင် ကောင်းမည်။ချမ်း ပြောတော့ နေ့ ဘက်က တိတ်ဆိတ်သွားသည်။ချမ်း မအိပ်ချင်သေးပေမဲ့ မျက်လုံးမှိတ်ကာ အသာငြိမ်နေလိုက်သည်။

ချမ်း ခါးကိုဖက်ထားသည့် မောင် လက် ပြေလျော့သွားတာကိုခံစားရသည်။အိပ်ရာထဲမှ ထထွက်သွားသူကြောင့် အိပ်ချင်ယောင်ဆောင်နေသည့် ချမ်း မျက်လုံးအစုံပွင့်လာသည်။ဟိုဒီလှုပ်ရှားနေသည့် ခြေသံသဲ့သဲ့ကိုကြားရပြီးနောက် မောင် အိမ်ပြင်ထွက်သွားပုံရသည်။ချမ်း မနေနိုင်ထထိုင်မိသွားသည်။ဒီအချိန်ကြီး ဘယ်သွားမလို့တဲ့လဲ။အိမ်လေးထဲ ပြာလဲ့လဲ့မီးရောင်ဖျော့ဖျော့က ဖြာကျနေသည်။အိမ်ရှေ့တွေ ဝရံတာသေးသေးလေးပါရှိသည်ဖြစ်သည်။မောင် ဝရံတာတွင်များထွက်ထိုင်နေတာလား။ချမ်း ခြင်ထောင်ပါးပါးလေးကို မ,တင်ကာ အိပ်ရာထဲမှ ထွက်လာသည်။

"အဟွတ်!"

ဝရံတာဘက်ထွက်လိုက်သည်နဲ့ အလုံးအရင်းတိုးဝင်လာသည့် စီးကရက်ငွေ့ တွေကြောင့် ချမ်း ချောင်းပင်ဆိုးမိသွားရသည်။

Falling In Love With My Husband.Where stories live. Discover now