အခန်း 52

14.4K 539 18
                                    

"ဘေဘီ..အဆင်ပြေလား"

နေက ကားမောင်းနေရင်းမှ ချမ်း ဘက်လှည့်ကြည့်ကာ စိုးရိမ်စွာမေးသည်။ချမ်း ကားမူးနေသဖြင့် မျက်နှာလေးဖြူဖျော့ကာ ကား နောက်မှီပေါ် အားမရှိစွာ ပစ်မှီရင်း လိုက်ပါလာလေသည်။

"အင်း..ကား ကို ဂရုစိုက်မောင်း..မောင် ချမ်း အဆင်ပြေတယ်"

ချမ်းက လေသံလေးဖြင့် ပြန်ဖြေသည်။ချမ်းတို့ မိသားစု မောင်ရဲ့မွေးရပ်မြေဖြစ်သည့် ဦးငယ် ရှိရာ သို့ အလည် လာကြခြင်းဖြစ်သည်။ချမ်း ကိုယ့်ကိုယ်ကို ကားမူးတတ်မှန်းသိသဖြင့် ဆေးကြို သောက်ခဲ့ပါသော်လည်း မူးနေပြီဖြစ်သည်။ဟိုးအရင်ကတည်းက ချမ်း ဦးငယ်ရှိရာ အလည်လာတိုင်း ကားမူးတတ်သည် မဟုတ်လား။သို့ပေမဲ့ ချမ်း ဒီနယ်မြို့လေးကို တစ်နှစ်တစ်ခေါက်တော့ ရောက်အောင် မှန်မှန်လာသည်။မောင်နဲ့ အိမ်ထောင်ကျပြီး နောက်ပိုင်းမှသာ ချမ်း မရောက်ဖြစ်တော့သာ ဖြစ်သည်။

သားကတော့ တစ်စက်မှ မူးပုံမရ။တစ်လမ်းလုံး တက်တက်ကြွကြွဖြင့် လိုက်ပါလာသည်။တစ်ခါတစ်လေ သူ့ဒယ်ဒီ ဖွင့်ပေးသည့်အဂ်လိပ်သီချင်းတွေ လိုက်အော်‌ဆိုတတ် သေးသည်။မုန့်စားလိုက် ၊သီချင်းလိုက်အော်ဆိုလိုက်၊မောရင် အိပ်လိုက်ဖြင့် သာသာယာယာ လိုက်ပါလာသည်။

မျက်နှာနွမ်းနွမ်းလေးဖြင့် မျက်လုံးမှိတ်ကာ လိုက်ပါလာသည့် ချမ်း ကိုကြည့်ပြီး နေ ကားကို လမ်းဘေးနား ခဏ ရပ်လိုက်သည်။ဆက်မောင်း နေရင် ဘေဘီ ပိုမူးလာမှာ စိုးရသည်။ခဏလောက်တော့ နားမှဖြစ်မည်။ကား ရပ်လိုက်သည်မို့ ချမ်း မျက်လုံးလေးတွေ ပွင့်လာသည်။

"မောင်...ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ဘူး..ဘေဘီ..မောင်တို့ ခဏနားမယ်လေ..ဘေဘီ အပြင်လေးထွက်ပြီး လေကောင်းလေသန့်ရှုရအောင်"

နေ ကပြောပြီး ကားပေါ်က ဆင်းသည်။

"ဒယ်ဒီ...သား ရှူးပေါက်ချင်ရယ်..ရှူးပေါက်ချင်ရယ်"

ဆန်းလေးက ကား နောက်ခန်းကနေ ကားရှေ့ခန်းကို ကူးလာကာ သူ့ဒယ်ဒီ ဆင်းသည့်ကားတံခါးပေါက်ကနေ အမြန်ပြေးဆင်းရန်ပြင်သည်။နေ သားကို ပွေ့ချီကာ ကားပေါ်က အလိုက်သင့်ချပေးလိုက်ရသည်။ပြီးသည်နဲ့ သား ဝတ်ထားသည် ဂျင်းဘောင်းဘီ ဇစ်လေးကိုဆွဲချပေးလိုက်တော့ သားက လမ်းဘေးနားပြေးသွားကာ သူ့ကိစ်စသူ ရှင်းသည်။လမ်းက တောင်ပေါ်ကားလမ်း ဖြစ်ကာ ကားအသွားအလာနည်းပါပြီး စိမ်းစိုသည့် သစ်ပင်တွေကာရံထားကာ သာသာယာယာရှိလှပေသည်။

Falling In Love With My Husband.Where stories live. Discover now