အခန်း ၂

28K 1.1K 28
                                    

"မင်းပြောတာ ဘယ်သူ.."

"ချမ်းတဲ့.."

ကားဘော်ဒီအောက်ဝင်ကာ ကားပြင်နေသည့်နေက လင်းမြတ်အမေးကိုပြန်ဖြေသည်။နေက ကားဝပ်ရှော့တစ်ခုမှာအလုပ်လုပ်တာဖြစ်သည်။သွက်လက်ထက်မြက်သည့်အပြင် သင်လွယ်တတ်လွယ်သည်မို့ နေ က ဝပ်ရှော့ဆရာ လက်စွဲတော်ဖြစ်သည်။နေ့ ဘော်ဒါအရင်းကြီးတွေဖြစ်သည့် လင်းမြတ်တို့၊ထက်ပိုင်တို့ကလည်း အားတိုင်းယားတိုင်း နေ့ အနားလာ လေပန်းနေကျမို့ ဆိုင်ကအမြဲလူ စည်နေတတ်သည်။

"ချမ်း..သိသလိုပဲ "

"ဟာ!ဟို အလှလေးမလား  ငါတို့ရပ်ကွက်ထဲကဘိုးတော်လေးရဲ့ တူဆိုတဲ့တစ်ယောက်"

"ဂေဟာပိုင်ရှင်လား"

"အေးလေကွာ..သူ့တူက တစ်ခါတစ်လေအလည်လာတတ်တယ် ‌ဘောစိတွေကွ"

‌စပြောသူက နေ ဖြစ်ပေမဲ့ စကားဝိုင်းကိုအားတက်သရော ဆက်ပြောကြသည်က လင်းမြတ်နှင့်ထက်ပိုင်ဖြစ်သည်။

"အော်..သိပြီ ချမ်း ဆိုတဲ့တစ်ယောက်ငါမြင်ဖူးတယ်  ဖြူအုနုနေတာပဲ ရပ်ကွက်ထဲကဆော်လေးတွေထက် လန်းတယ် ဒီကောင် ငနေ ကြွေမယ်ဆိုလည်းကြွေချင်စရာပဲ"

"ဝိုးးသတောင်းစားက လိုင်းပြောင်းပြီး ခြောက်တော့မလို့လား"

"ဘော!ကို ခြောက်"

ကား အောက်ကထွက်လာသည့်နေက စက်ဆီတွေပေနေသည့် စွပ်ကျယ်ဖြူကိုဆွဲချွတ်ကာ ထက်ပိုင်ဆီ လုံးထွေးပစ်ပေါက်ရင်းဆဲသည်။
တောင့်တင်းနေသည့်ရင်အုပ်ကျယ်တွေနဲ့ နေ့ကိုကြည့်ရင်းထက်ပိုင် ခေါင်းရမ်းသည်။ဒီကောင့်ပုံစံကြီးနဲ့ ဟိုဖြူဖြူအုအုလေးကို မြင်ပြီးအခြောက်စိတ်ဝင်သွားတာတော့မဖြစ်နိုင်။ထို့ကြောင့် ထက်ပိုင် လင်းခနဲသဘောပေါက်သွားရကာ...

"မင်းဟိုကောင်လေးကို ဖင်ချ ချင်နေတာမလား!!"

ထက်ပိုင်ရဲ့အားတက်သရောစကားသံကြောင့် လင်းမြတ် ထက်ပိုင်ပါးစပ်ကိုလှမ်းပိတ်ရင်း...

"မင်းကြီးတော်ကြီး စကားကိုတိုးတိုးပြောကွ"

ထက်ပိုင် စကားကြောင့် ရေမော့သောက်နေသည့် နေ ပင် သီးမလိုဖြစ်သွားရသည်။နေ ကိုယ့်စိတ်ကိုယ်သေချာမသိသေးပေမဲ့ သူ ထိုကောင်လေးကိုစိတ်ဝင်စားတာတော့သေချာသည်။မျက်တောင်ရှည် စင်းစင်းလေးတွေနဲ့မျက်ဝန်းလေးတွေ၊ပန်းနုရောင်သမ်းနေသော နှုတ်ခမ်းဖူးပြည့်ပြည့်လေးတွေ။သူ မြင်မြင်ချင်းကြွေကျသွားရတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။

Falling In Love With My Husband.Where stories live. Discover now