အခန်း ၁၀

14.8K 653 36
                                    

"အကို...လမင်း တို့ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး ထင်တယ်"

လမင်းက မျက်နှာလေး‌ငေးငိုင်လျက်
ဆိုသည်။ဘာမှမလိမ်းခြယ်ထားသော မျက်နှာပြောင်ပြောင်လေးနဲ့ မျက်လုံးမို့အစ်အစ်လေးတို့က တစ်ညလုံးအပြင်းအထန် ငိုထားရဟန်။မြတ်မင်းက စိတ်ရှုပ်သလို မျက်မှန်ပါ ချွတ်လိုက်ကာ ရှေ့စားပွဲပေါ် တင်ထားလိုက်သည်။သူ ဂေဟာ ရောက်ရောက်ချင်းပင် သူ့ဖုန်းကိုတစ်ညလုံး မဖြေသည့် လမင်းကြောင့် သူရုံးခန်းထဲခေါ်ကာစကား‌ပြောတော့မှ ဒီစကားထွက်လာခြင်းဖြစ်သည်။

"ကိုယ့်အစ်မ လမင်းကို ဘာတွေပြောလိုက်လို့လဲ"

လမင်းက ရှက်ရွံ့သိမ်ငယ်သလိုခေါင်းလေးငုံ့သွားကာ....

"သူ သဘောမတူဘူး"

မြတ်မင်းက ကြိုသိထားသလို့ သက်ပျင်းဖြည်းဖြည်းချသည်။အစ်မ စိတ်ကိုသူသိသည်။လမင်းနဲ့သူ့ကို သူဘယ်လိုပြောပြောသဘောတူမှာ မဟုတ်။

"လမင်း...ကိုယ့်ကိုကြည့်ပါအုံး"

မြတ်မင်းက လမင်း မျက်နှာလေးကိုဆွဲမော့ကာ သူ့ကိုကြည့်စေသည်။လမင်း မျက်နှာလေးမော့လာတော့မှ....

"ကိုယ်ပြောရမှာတော့ နည်းနည်း အင်း နည်းနည်း ရှက်တယ်..ကိုယ်တို့အရွယ်ကလည်း မငယ်တော့ဘူးဆိုတော့..."

"အကို ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်"

"အင်း..လမင်း ကိုယ်ခေါ်ရင် လိုက်မှာလား"

"ရှင်"

လမင်း မျက်လုံးလေးဝိုင်းသည်။

"ကိုယ့်အစ်မဘက်က သဘောမတူဘူးဆိုပေမဲ့ ကိုယ်တို့နှစ်ဦးသဘောတူ လက်ထပ်လို့ရတယ်လေ...လမင်း အဲလိုလုပ်ချင်လား"

အဲလို လုပ်ချင်လားဆိုတော့ လမင်း မလုပ်ချင်ဘူး ဟုငြင်းလျှင် လမင်းတို့ဇာတ်လမ်းက ဒီအတိုင်းပြီးဆုံးသွားမည့် ပုံပင်။တစ်ခါတစ်လေတော့ လည်း အကို့ရဲ့ မပြတ်မသားစိတ်တွေကို လမင်း တကယ်နားမလည်နိုင်ပေ။

"အကို့ သဘောပါ...လမင်းက မိန်းကလေးပဲ"

"အင်း..အဲဒါဆို ကိုယ်တို့ အဲလိုလုပ်ကြတာပေါ့ ၊အဆင်ပြေမယ့် ရက်ရွေးပြီးတော့ ကိုယ်လမင်းကို လာခေါ်မယ်..ကိုယ့် သူငယ်ချင်းရှိတဲ့ နယ်ဘက် ခဏရှောင်နေကြမယ်....ကိုယ့်အစ်မက စိတ်ပြေလောက်မှ ကိုယ်တို့ပြန်လာကြတာပေါ့"

Falling In Love With My Husband.Where stories live. Discover now