special episode

13.6K 483 13
                                    

"‌ဟယ်တော်...မင်း အသားအရည်လေးက လှလိုက်တာ"

မျက်နှာ သစ်ပြီးကာစ ချမ်း မျက်နှာပြောင်ပြောင်လေးကို ကြည့်ပြီး မိတ်ကပ်လာပြင်သည့် မာမီသက် ဆိုသူက အံ့ဩ အားကျမဆုံးနိုင်ပေ။ဒီနေ့က ချမ်း မွေးနေ့မို့ မနက်အစောပိုင်းက မောင်နဲ့သားနဲ့ အတူတူ ဘုန်းကြီးကျောင်းတွင်တော့ ဆွမ်း သွား ကပ်ပြီးပြီဖြစ်သည်။ည‌ နေ လေးနာရီခန့်သာ ရှိသေးသည် ဆိုပေမဲ့ ချမ်း ပြင်ဆင်ခြယ်သနေရပြီဖြစ်သည်။မွေးနေ့ပွဲလေး လုပ်သည်ကိုပင် မောင်က မိတ်ကပ်ဆရာပါ ခေါ်ထားသည်။

ခြံထဲမှာလည်း ပွဲအတွက် ပြင်ဆင်နေကြသည်မှာ ကြီးကြီးကျယ်ကျယ်ပင်။မောင် က ချမ်း မွေးနေ့ အတွက် မောင့် စိတ်ကြိုက် စီစဉ်ပါရစေ ဟု ပြောထား၍သာ ချမ်း မောင့် စိတ်တိုင်းကျ စီစဉ်ခွင့် ပေးထားရသည်။ချမ်း သူငယ်ချင်း တချိူ့ကိုသာ ဖိတ်ထားသည့် မွေးနေ့ပွဲက ဒီလောက် ခမ်းခမ်းနားနားကြီး ပြင်ဆင်နေသည်ကတော့ မဟုတ်သေးပါ။ဘုန်းကြီးကျောင်းက ပြန်လာကတည်းက မောင်နဲ့သားလည်း ဘယ်ရောက်သွားသည်မသိ။ချမ်း ကိုတော့ ဒီမိတ်ကပ်ဆရာမရဲ့ အလှပြင်ခန်းထဲ ထည့်ထားပေသည်။

"မင်း အသားအရည်က မိတ်ကပ်လိမ်းစရာမလိုအောင် လှပြီးသားဆိုတော့ တို့ ပါးပါးလေးပဲ on လိုက်မယ်နော်"

"ဟုတ်ကဲ့"

"သူများ သားသမီးတွေများ ‌ကံကောင်းလိုက်တာနော်...ကိုယ်တိုင်ကလည်း ကြွေရုပ်လေးလိုလှပြီး နတ်ဘုရားလို့ ခန့်ညားချောမောတဲ့ ယောကျာ်းလည်း ရထားတယ်...စည်းစိမ်တွေကလည်း ဖြုန်းမကုန်၊သုံးမကုန်ရောပဲ...တကယ့်ကို နတ်ပြည်ပဲ...အရင်ဘဝက ဘာကုသိုလ်တွေများ လုပ်ခဲ့ကြလဲနော်"

မိတ်ကပ်ပြင်သည့် အရပ်ရှည်ရှည်၊ဆံပင်ရှည်ရှည်နဲ့ မာမီသက်က ချမ်း မျက်နှာထက် လက် ‌တစ်ဖက် ပြေးလွှားလှုပ်ရှားနေရင်းမှ ပါးစပ်ကလည်း တတွတ်တွတ်အပြောမပျက်ပေ။ချမ်း မျက်လုံးလေး မှိတ်ကာ မိတ်ကပ်အလိမ်းခံနေရင်းမှ မာမီ့သက်ပြောသည့် စကားတွေကို တိတ်တဆိတ်နားထောင်နေရသည်။
မာမီ့သက်က စကားများပေမဲ့ မိတ်ကပ် လောကတွင်တော့ နာမည်ကြီးဖြစ်သည်။နာမည်ကြီး မင်းသား၊မင်းသမီးတွေ၊ဒိတ်ဒိတ်ကြဲချမ်းသာသည့် သူဌေးသားသမီးများရဲ့ လက်စွဲတော်ဖြစ်သည်။သို့ပေမဲ့ မိတ်ကပ် လိမ်းလေ့မရှိသည့် ချမ်း ကတော့ မာမီသက်ကို မသိပါ။

Falling In Love With My Husband.Where stories live. Discover now