အခန်း 25

16.1K 561 20
                                    

"ဟဲ့...စောစောစီးစီးဘာလို့အဝတ်တွေ လျှော်နေတာတုန်း...ထားလိုက် အစ်မလျှော်ပေးမယ်"

‌ဝတ်ထားသည့် ဂျင်းဘောင်းဘီရှည်ကို ဒူးအထိခေါက်တင်ကာ အဝတ်လျှော်နေသည့် နေ့ နား မနော်က ရောက်လာကာဆိုသည်။နေ ညကပေပွသွားတဲ့ စောင်ကိုဖွတ်လျှော်နေခြင်းဖြစ်သည်။

"ရတယ် ရတယ် မနော် ကျွန်တော်ပဲလျှော်လိုက်မယ်..ဒါနဲ့ မနော် ဆန်ပြုတ်လေးပြုတ်ပေးပါ့လား"

"အေး...ပြုတ်လိုက်မယ်လေ...ဘယ်သူစားမှာလဲ.. နင့်ယောကျာ်းလား...နေမကောင်းဖြစ်ပြန်ပြီလား"

မနော်က လက်ထဲက ဘုရားပန်းကပ်လှူရန်ခူးထားသည့် နှင်းဆီပန်းခိုင်တွေကို အရွက်ချွေသင်နေရင်း မေးခွန်းတွေထွက်သည်။

"ဟုတ်တယ် အစ်မ ...နည်းနည်း နေမကောင်းဖြစ်ရုံလေးပါ"

ချမ်း ညက အတော်ပင်ပန်းသွားသည်မို့ ခုအချိန်ထဲအိပ်ရာထဲမှာ ခွေခွေလေးအိပ်နေတုန်းဖြစ်သည်။နေက တစ်ရေးနိုးသည်နဲ့ အဝတ်လျှော်ရန်အိပ်ရာထဲက ထလာလိုက်သည်။ချမ်း နေမကောင်းမဖြစ်ဘူးဆိုပေမဲ့ ချမ်း သူ့ကြောင့်နာကျင်ထားရသည်မို့ စွန့်ထုတ်ရန်ခက်ခဲသည့် အစာမာတွေ နေ မစားစေလိုပေ။

"ရေပြောင်း‌မြေပြောင်းဖြစ်နေလို့ မကြာခဏဖျား‌ နေတာထင်တယ်အေ့...မဂ်လာပွဲကဖြင့် မနက်ဖြန်သဘက်ခါဆိုရောက်တော့မယ်...သေချာဂရုစိုက်အုံး "

"ဟုတ်ကဲ့ အစ်မ.."

"မသက်သာလည်း ဆေးပေးခန်းသွားကြ နေ ရေ.....ခဏနေ ဆန်ပြုတ်ရမယ်နော် လာစားကြ!"

"ဟုတ်ကဲ့..အစ်မ..ကျေးဇူးပါဗျာ"

"မလိုတာ"

မနော်က ပြောပြီး ဘုရားပန်းလဲပြီးသွားကာ အိမ်ပေါ်တက်သွားသည်။နေ စောင်ကိုသေချာလျှော်ဖွတ်ပြီး အားဖြင့်ဗြန်းခနဲရေတွေစင်အောင် ခါချကာ တန်းပေါ်လှန်းလိုက်သည်။

"မောင်"

ခေါ်သံပျော့ပျော့လေးကြောင့် လှမ်းကြည့်မိလိုက်တော့ ချမ်း  အိမ်လေးပေါ်မှဆင်းလာနေခြင်းဖြစ်သည်။ချမ်းက လှေကားထစ်ထံ ခြေလှမ်းလာတော့ နေ အမြန်ပြေးသွားသည်။

Falling In Love With My Husband.Where stories live. Discover now