အခန်း ၄

18.4K 828 4
                                    

"ဝါးးလှလိုက်တာ"

တောင်ပေါ်ကုန်းမြင့်လေးက လှမ်းမြင်နေရသော အဝါရောင်ပန်းခင်းကလေယူရာတိမ်းညွှတ်နေသည်။ညနေ ခင်းအချိန်မို့ နေဝန်းနီနီက အနောက်တောင်စွယ်သို့ မေးတင်နေပြီ။
ချမ်းက ကုန်းပြေမြင့်မြင့်မှာရပ်နေသည်ဖြစ်ကာ တဖြူးဖြူးတိုက်ခတ်နေသော လေနုအေးအေးကြောင့် ချမ်း ဝတ်ထားသော ရှပ်ဖြူလေးက တလွင့်လွင့်။နေ က ဆိုင်ကယ်ပေါ်မှာထိုင်နေကာ ချမ်း နောက်ကျောလေးကိုစိုက်ကြည့်ရင်း ပြုံးနေသည်။ပန်းခင်းဘေးနားမို့ ပန်းရနံ့သင်းသင်းတွေက လေထဲသင်းပျံ့နေသည်။ချမ်း က ဒီလိုအေးချမ်းသာယာသော နေရာလေးတွေကိုသဘော ကျတတ်သည်မို့ နေ ချမ်း ကိုဒီခေါ်လာခြင်းဖြစ်သည်။နှစ်ယောက်တည်း ရှိချင်သည်မို့ ဟိုနှစ်ကောင်တောင် ခေါ်မလာခဲ့။

" ဒီနေရာလေးက သာယာတယ်"

"ဟုတ်တယ်.."

နေ က ဆိုင်ကယ်ပေါ်မှဆင်းကာ ချမ်း နားလျှောက်လာသည်။ချမ်း ဘေးမှာ ရပ်ကာ ချမ်းနဲ့အတူ ပန်းခင်းကိုကြည့်သည်။ပန်းဝတ်ရည်တွေစုပ်ယူနေကြသော လိပ်ပြာလေးတွေ ပန်းခင်းပေါ် ဝေ့ဝဲပျံသန်းနေကြလျက်။

"ဟိုနားမှာ ခုံလေးရှိနေတာပဲ..သွားထိုင်မလား"

အတန်လှမ်းလှမ်းက သစ်ပင်ကွယ်ကြီးနောက်က ခုံတန်းရှည်လေးကို ချမ်း လှမ်းမြင်ကာပြောသည်။ခုံတန်းလေးကို ဒီရှု့ခင်းလှသည့်နေရာတွင် မထားပဲ ဘာလို့သစ်ပင်ကွယ်မှာ ထားကြပါလိမ့်။နေ ကမျက်ခုံးပင့်သွားရင်း ပြုံးစစနဲ့နားထင်ကို လက်ညှိုးနဲ့ကုပ်ခြစ်ကာ..

"အင်း..အစ်ကို့သဘောလေ ထိုင်ရင်ထိုင်..."

ချမ်း ကထိုဘက်ပြေးသွားသည်မို့ နေ နောက်လျှောက်လိုက်လာရသည်။ဒီနေရာက ရပ်ကွက်ထဲနဲ့အတန်ဝေးကာ လူသွားလူလာနည်းသည့်‌နေရာမို့ အတွဲတွေချိန်းတွေ့လို့အ‌ကောင်း ဆုံးနေရာဖြစ်သည်။ ခုံတန်းဘေး အောက်ဘက်နားမှာ လိုဏ်ဂူအသေးစားလေးလို အုတ်မိုးထားသော လိုဏ်ခေါင်းလေးရှိသဖြင့် အတွဲတွေအတွက်နေရာကောင်း ဖြစ်သည်။

ခုံတန်းလေးမှာ ထိုင်မိကြတော့ ခုံတန်းကသေးသည်မို့ နှစ်ယောက်သားပခုံးချင်းထိစပ်နေသည်။ထိုင်ချလိုက်မိသည့် ကိုယ်အောက်တစ်စုံတစ်ခုကြောင့် ချမ်း ထိုင်နေရာမှ ပြန်ထလိုက်သည်။

Falling In Love With My Husband.Where stories live. Discover now