အခန်း 27

12.8K 543 49
                                    

မဂ်လာပွဲက အောင်အောင်မြင်မြင်ပင် ပြီးဆုံးသွားသည်။ မဏ္ဍပ်ဆင်တွေ ပြန်ဖျက်၊ထမင်းအိုးဟင်းအိုးတွေ ဆေးကြောလုပ်ရသည်ကို ရွာကာလသား၊အမျိူးသမီးတွေ တက်ညီလက်ညီ လုပ်လိုက်သဖြင့် နေ့ခင်းတစ်နာရီလောက်မှာ ပြီးဆုံးသွားသည်။

‌ချမ်း အတော်လေးပင်ပန်းသွားကာ ညနေ သုံးနာရီ ရှိနေပြီဆိုပေမဲ့ အိပ်ပျော်နေဆဲဖြစ်သည်။နေ ကတော့ ချမ်းနဲ့အတူတရေးတမော အိပ်နေပြီးမှ အိုက်လွန်းသဖြင့် ရေထချိူးတော့သည်။လင်းမြတ်တို့က မဂ်လာပွဲပြီးကတည်းက ထန်းရည်ဆိုင်ရောက်သွားကြသည်။နေ့ကို လိုက်ရန်ခေါ်ကြ‌ပေမဲ့ ချမ်း‌ ရဲ့မောင်သောက်ရင် ချမ်း ပါ လိုက်သောက်မှာနော်ဟူသော စကားကြောင့် နေ လိုက်မသွားရဲပေ။

"နေ ...ငလင်းတို့ကို မင်းတို့ အနောက်အိမ်မှာ အိပ်ခိုင်းလို့ရတယ် မလား..ဒီမှာက ငါတို့ပစ်စည်းတွေနဲ့ရှုပ်နေလို့"

ကိုမျိူးက ရေချိူးနေသော နေ့ကို အိမ်ပေါ်မှ လှမ်းမေးသည်။

"ရတယ်..ကိုမျိူး"

နေ ရေတဗွမ်းဗွမ်းလောင်းချိူးနေသည်ကိုရပ်ကာ ပြန်ဖြေလိုက်သည်။

"အေး..အေး..အဲတာဆိုပြီးတာပဲ...မဂ်လာဦးည ဆိုတော့ ငါ့ကောင်ကြီး လွတ်လွတ်လပ်လပ်မရှိမှာစိုးလို့..ဟား..ဟား"

ကိုမျိူးက ရယ်ရင်းစနောက်သည်။

"မဦးရပါဘူးဗျာ..."

နေ ကအလိုက်သင့်ပြန်ဖြေရင်း ရေကိုဆက်ချိူးတော့ ကိုမျိူးကအိမ်ထဲပြန်ဝင်သွားသည်။နေ ရေချိူးနေစဉ် ချမ်းက အိမ်လေးပေါ်မှ အိပ်မှုံစဝါးဖြင့် ဆင်းလာသည်။နေ့ခင်းမို့‌ တီရှပ်ပါးပွပွလေးနဲ့ ကွက်စိပ်ဘောင်းဘီရှည်ပွပွလေးကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည်။

"ဘေဘီ နိုးပြီးလား ...ရေချိူးရအောင်လေ"

"မောင် ချိူးနေတာကြာပြီမလား...မြန်မြန်ချိူးပြီး အဝတ်လဲတော့"

"ဘေဘီနဲ့ အတူချိူးမယ်အုံးလေကွာ.."

"မောင်နော်...ကလေးလို လုပ်မနေနဲ့...ချိူးပြီးအဝတ်လဲတော့...ချမ်း နောက်ဖေးဝင်အုံးမလို့"

Falling In Love With My Husband.Where stories live. Discover now