အခန်း 34

10K 424 23
                                    

"မောင်...အိပ်ပျော်နေပြီလား"

ချမ်းက နေ့ရင်ခွင်ထဲသို့ တိုးဝင်ကာ နေ့ခါးကိုတင်းတင်းတိုးဖက်ရင်း နေ့ မျက်နှာကိုမော့ကြည့်ကာမေးသည်။

"မအိပ်သေးဘူး ဘေဘီ"

နေက သူ့ရင်ခွင်ထဲတိုးဝင်လာသည့် ချမ်း ကိုယ်လုံးလေးကို တင်းတင်းတိုးဖက်ကာ ပြန်ဖြေသည်။မနက်ဖြန် ချမ်း သွားရတော့မည်မို့ နှစ်ယောက်စလုံးရဲ့ မျက်နှာက မကောင်းပေ။မောင့်ရင်ဘတ်ထံ ချမ်း မျက်နှာလေးအပ်ကာ မောင့်ကိုယ်သင်းနံ့ သင်းသင်းကိုရှုရှိက်မိရင်း ချမ်း ဝမ်းနည်းလာရသည်။နောက်ဆို အခုလိုမျိူး မောင့်ရင်ခွင်ထဲတွင် အိပ်လို့ရမည်မဟုတ်တော့ပေ။မောင်နဲ့အတူတူ ထမင်းလက်ဆုံစားရတော့မည်လည်း မဟုတ်ပေ။အချိန်တန်ရင် မောင်ပြန်လာခေါ်မည်ဆိုတာ သိရက်သားနဲ့ တစ်သက်လုံးဝေးရတော့မလိုခံစားချက်ကြီးက ဆိုးရွားလှသည်။

"ဟင့်!"

အတွေးနဲ့အတူ ချမ်းဝမ်းနည်းကာ ငိုချမိရင်း ရှိုက်သံတိုးတိုးလေး ထွက်သွားသည်။ငြိမ်သက်နေသည့် နေက ချမ်း ငိုသံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ကာ ရင်ခွင်ထဲ ချမ်း မျက်နှာလေးကို အမြန်ငုံ့ကြည့်သည်။

"ဘေဘီ...ဘာဖြစ်လို့လဲ..ဘယ်နားက နာလို့လဲ"

"ဟင့်အင်း"

ချမ်းက ငိုရှိုက်နေရင်းမှ ခေါင်းလေးယမ်းသည်။နေ ချမ်း ငိုသည့်အကြောင်းအရင်းကိုသိသွားကာ မျက်နှာပျက်ယွင်းသည်။မင်းက အဲလိုငိုနေတော့ မောင် မင်းနဲ့ဘယ်လိုခွဲ‌ချင်ပါ့မလဲ အချစ်ရယ်။နေ ကိုယ်တိုင် ဝမ်းနည်းမိပေမဲ့ ချမ်း ပိုဝမ်းနည်းသွားမှာစိုးကာ ဘာမှမဖုစ်သလို ပေါ့ပေါ့ပါးပါးဟန်ဆောင်မိသည်။ချမ်းပါးပြင်ထက်က မျက်ရည်စလေးတွေကို လက်မဖြင့် ဖိသုတ်ပေးရင်း....

"ဝမ်းမနည်းပါနဲ့..ဘေဘီရဲ့ မောင် ဘေဘီ့ကို နေ့တိုင်းလာတွေ့မယ်....နော်...မငိုနဲ့တော့..ဘေဘီငိုရင် ဗိုက်ထဲကကလေးလေး ထွက်လာတဲ့အချိန်ကျ ရုပ်ဆိုးကြီးဖြစ်နေမယ်ကွာ...လိမ်မာတယ် မငိုနဲ့တော့..နော်"

နေက ချမ်း ပါးပြင်ထက်က မျက်ရည်စလေးတွေကို ဖယ်သုတ်ပေးကာ ချော့ပြောသည်။မောင့် ချော့ပြောသံကိုကြားရလေ ချမ်း ပိုငိုချင်လာလေပင်။‌မောင်က ချမ်းထက်ငယ်သည်ဆိုပေမဲ့ ချမ်းကိုအမြဲတမ်းအလျှော့ပေးကာ အတူရှိလာခဲ့သည့်တစ်လျှောက်လုံး ချမ်းကိုလေသံမာဖြင့်တောင် ပြောဖူးသည်မဟုတ်။

Falling In Love With My Husband.Where stories live. Discover now