Chapter-51
5.8K 929 5
Zawgyi
နှစ်ရက်အကြာမှာ ဒန်နာရီဟာ ပြန်လည်နိုးထလာတော့သည်၊စွမ်းအင်အလွန်အကျွံသုံးမိတာကြောင့် ဒန်နာရီရဲ့ခန္ဓာကိုယ်ဟာ မခံနိုင်တော့ပေ၊ဒါကြောင့် အိပ်စက်ခြင်းဖြင့်စွမ်းအင်တွေကို ပြန်လည်ဖြည့်သွင်းခဲ့ရသည်၊
ဒန်နာရီ နိုးလာတဲ့ချိန်မှာ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး မှန်ပြတင်းပေါက်ကနေလရောင်ဟာ ဖြာကျနေတော့သည်၊ဒန်နာရီဟာ ကုတင်ကနေဆင်းလိုက်ပြီး ပြတင်းပေါက်နားမှာ ရပ်လိုက်ပြီး လင်းလက်တောက်ပနေတဲ့ကြယ်များနဲ့လနှစ်စင်းကို စိုက်ကြည့်လိုက်သည်၊ထိုနောက်မှာတော့ ပြတင်းပေါက်တံခါးကိုတွန်းဖွင့်လိုက်ပြီး ဝန်ရံတာဘက်ထွက်လာ​တော့သည်၊မြို့စားမင်းအိမ်တော်တွေ နှင်းဆီမျိုးစုံရှိနေပြီး အခြားပန်းတွေကတော့ ရှားပါးလှသည်၊ဒါပေမယ့် လရောင်အောင်မှာ လှပစွာပွင့်လန်းနေတဲ့နှင်းဆီပန်းများနဲ့နှင်းဆီရနံ့များကြောင့် ဒန်နာရီဟာပြုံးလိုက်တော့သည်၊
ပြန်လည်မွေးစားလာတာဆယ်နှစ်ရှိနေပြီး အရင်ကလို စိတ်ပျက်စရာကောင်းတဲ့နေ့ရက်တွေနဲ့ကင်းဝေးခဲ့ပြီဖြစ်သည်၊ဒါပေမယ့် သူရှိနေသ၍ အန်ဒီးယားနဲ့သူကြားက ကိစ္စဟာပြီးဆုံးသေးမည်မဟုတ်ပေ၊
"ဆရာဇီနိုရော... ဘယ်လိုထင်လဲ"
*အဲ့ကလေးရဲ့နှလုံးသားက မှောင်မိုက်နေလောက်ပြီ ဒါကြောင့် မင်းကိုမြင်တာနဲ့ ရန်လိုမှာတော့ သေချာတယ်*ဇီနိုစကားကြောင့် ဒန်နာရီဟာ ခပ်ရေးရေးလေးပြုံးလိုက်သည်၊အန်ဒီးယားရဲ့နှလုံးသားဟာ နတ်ဘုရားကျိန်စာမမိထားလဲ အတိတ်ဘဝကလို သူ့ကို မုန်းတီးနေအုံးမှာပဲ၊တခါတလေကျရင် တွေးမိခဲ့တယ်၊ချာမက်လက်စ်ဆီက ဖခင်မေတ္တာကိုရော သူရဲ့အစ်ကိုတွေဆီက ချစ်ခြင်းမေတ္တာကိုပါ ရရှိထားတဲ့အန်ဒီးယားဟာ ဘာကြောင့် သူ့ကိုမုန်းတီးနေရတာလဲ၊အတိတ်ဘဝက သူချစ်ခဲ့ရတဲ့ယောက်ျားကိုပါ ပိုင်ဆိုင်ခဲ့ပါရဲ့နဲ့ ဘာကြောင့် သူ့ကို သေချင်စေတဲ့အထိ မုန်းတီးရတာလဲ၊
*ဘာကြောင့်လဲဆိုတော့ မင်းမှာ သူမရှိတဲ့အရာရှိနေခဲ့လို့ဘဲ ကလေး*