မိတ်ဆက် + ရှင်းလင်းချက်

3.6K 123 22
                                    

ရှေးဟောင်းမြင့်မြတ်ခန္ဓာမှ စတင်၍

ဇာတ်ညွှန်း

အဟမ်း အဟမ်း..
စာရှုသူ ရောင်းရင်းတို့အားလုံးပဲ မင်္ဂလာပါဗျ။ အားလုံးပဲ op mc ကိုကြိုက်ပါသလား၊ Op နောက်ခံကို ကြိုက်ပါသလား၊ အဖေအားကိုးနဲ့ ကြမ်းချင်သလား၊ အကို အားကိုးနဲ့ ကြမ်းချင်သလား၊ တမျိုးလုံး တဆွေလုံးကြမ်းနေတာကို ကြိုက်သလား၊ စနစ်ကလေးရော မလိုချင်ဘူးလား။ မောင်ရုပ်ဆိုးဖြစ်နေလို့ ချောမောခန့်ညားတဲ့ ရုပ်သွင်ရှိသူကို မြင်ယောင်ကြည့်ချင်ပါသလား။

ဒါဆိုရင်တော့ ဒီစာစဉ်ကို ဖတ်ရှုကြဖို့ အကြံပေးချင်ပါတယ်။ (ဂူချန်းဂျီနဲ့ ချူခွမ်းရန်တို့နဲ့လည်းဆင်တာကြောင့်
အဲ့နှစ်ယောက် fanဆိုဖတ်သင့်ပါတယ်။)

ဒါက ဘဝတစ်ခုမှ ဘဝတစ်ခုကို ကူးပြောင်းလာပြီးနောက် အံ့မခန်းနောက်ခံ၊ ပါရမီ၊ စနစ်တစ်ခုနဲ့ ရှယ်လန်းမဲ့ ကျွင်းရှောင်ယောက်ဆိုတဲ့ သခင်လေးတစ်ယောက်အကြောင်းကို ရေးသားထားပါ။ ဒီစာစဉ်ကို ဖတ်ပြီးတဲ့အခါ သခင်လေးတွေ ဘာကြောင့် မာနထောင်လွှားရတယ်ဆိုတာကိုပါ သိသွားရပါလိမ့်မယ်။

ပြောရရင် မောင်ကျွင်းရှောင်ယောက်ဆိုတာက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့သူ။ သူ့ကို သူ့ကမ္ဘာမှာ အသန်မာဆုံး မိသားစုမှာ မွေးဖွားခဲ့တယ်။ အဖေဘက်ကိုကြည့်မလား၊ အမေဘက်ကိုကြည့်မလား၊ ဘယ်ဘက်ကိုကြည့်ကြည့် အားနည်းမှုမရှိဘူး။

မိသားစုက သန်မာလို့ သွေးကြောဘာညာသရကာ ပျက်ဆီး‌နေတဲ့ အမှိုက်သခင်လေးအဖြစ် မွေးဖွားလာမယ် ထင်နေသလား။ ဝေးပါသေးတယ်။ သူက မွေးဖွားလာကတည်းက အသန်မာဆုံး တာအိုခန္ဓာ၊ ပြိုင်ဘက်ကင်းတဲ့ ပါရမီတို့နဲ့ မွေးဖွားလာတာ။

ဒီလိုချမ်းသာပြီး ပါရမီရှိတာကို နတ်သားလေးလို အသေချောမောတဲ့ ရူပကာနဲ့ အရမ်းလန်းတဲ့ စနစ်တစ်ခုလည်း ပါသေးတယ်ဗျာ။ တချို့ စာဖတ်သူရောင်းရင်းတွေကတော့ ပညာရအောင် စော်‌တွေကို တော်ကီနဲ့ ချုပ်စေချင်ကြတယ်။ ဒါပေမဲ့ သူက တော်ကီအစား ရူပါနဲ့ချုပ်တာဗျ၊ သူ့ရုပ်ရည်က ယောင်္ကျားချင်းတောင် မနာလိုစေနိုင်တာမျိုး။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now