အပိုင်း ၃၇

794 75 0
                                    

အခန်း ( ၃၇ ) ကပ်ဘေးအလင်း၏ စွမ်းအား၊ လုံဟောက်ထျန်း၏လက်များကို ဆွဲဖြုတ်ခြင်း၊ လင်းယုန်ဖခင်မှာ စာကလေးကဲ့သို့ သားမရှိပေ

ကျွင်းရှောင်ယောက်ရင်ဝတွင် ကြောက်စရာစွမ်းအားများက နေတစ်စင်းကဲ့သို့တောက်ပစွာ ‌ထွက်ပေါ်နေသည်။

ထို့နောက်တော့ ရှုပ်ထွေးသော တာအိုပုံစံအက္ခရာများနှင့် ဖောက်ထွင်းမြင်နိုင်အောင် ကြည်လင်နေသော အရိုးတစ်ချောင်း ဖြစ်ပေါ်လာ၏။

ယင်းက အနှိုင်းမဲ့အရိုးပင် ဖြစ်တော့သည်။

၎င်းက တာအိုသုံးထောင်အနက်မှ ထိပ်တန်းသုံးဆယ်အတွင်းသို့ ဝင်နိုင်သည်။

တာအိုခန္ဓာများဟု ဆိုရာတွင် ဘုရင်ခန္ဓာ၊ နတ်ဘုရားခန္ဓာ၊ မြင့်မြတ်ခန္ဓာ စသည်ဖြင့် အမျိုးမျိုးရှိသည်။

အနှိုင်းမဲ့အရိုး၊ နှစ်ဆမျက်လုံး၊ သန္တောစွမ်းအင်သွေးကြော၊ ဝင်ပေါက်ခုနစ်ခု နှလုံးသား၊ စသည်တို့ကိုလည်း ထူးခြားသော တာအိုခန္ဓာအမျိုးအစားဟု မှတ်ယူနိုင်၏။

အနှိုင်းမဲ့အရိုးကတော့ နာမည်အတွင်း အလွန်ထူးကဲသည်။

၎င်းက တာအိုခန္ဓာသုံးထောင်အနက်မှ ထိပ်တန်းသုံးဆယ်အတွင်းသို့ ဝင်နိုင်ပေရော အလွန်မြင့်မားသော အဆင့်တစ်ခုဆိုလျှင်လည်း မမှားပေ။

ပြောရလျှင် ကျွင်းရှောင်ယောက်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာမရှိ၍ အနှိုင်းမဲ့အရိုးတစ်ခုတည်းဆိုလျှင်ပင် အထွတ်အထိပ်သို့ တက်ရောက်နိုင်စွမ်း ရှိနေပါအုံးမည်။

'ကြယ်ခုနစ်ပွင့်ဆုလာဘ်... ကြည့်ရတာ ငါတကယ်ကံကောင်းနေပုံပဲ'
ကျွင်းရှောင်ယောက် ကျေနပ်စွာ ပြုံးလိုက်၏။

ကျွင်းရှောင်ယောက်ထံမှ ပုံမှန်မဟုတ်သော အပြောင်းအလဲဟာ အားလုံး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"ဘာတွေဖြစ်နေတာတုံးဟ... နတ်ဘုရားသားတော်ရဲ့ရင်ဝက အလင်းတွေ တောက်ပနေပါလား"

"ဘယ်လိုအရှိန်အဝါကြီးပါလိမ့်ဗျာ... ကျုပ်ဖြင့် အဓိပဓိတစ်ပါးအရှေ့ကို ရောက်နေသလို ခံစားနေရတာ..၊ ဒူးတောင် ထောက်ချင်သွားတယ်"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now