၄၆၆ - ၄၇၀

527 57 0
                                    

အခန်း ( ၄၆၆ ) ကြေးအင်မော်တယ်နန်းတော် ထွက်ပေါ်လာပြီး အားလုံး ထိတ်လန့်တုန်လှုပ်သွားခြင်း၊ လုံအိုထျန်းနှင့် ဝမ့်ထန့်၏ နောက်ဆုံး အခွင့်အလမ်း။

ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း တားမြစ်နယ်မြေသို့ ဝင်ရောက်လာကြသည်။

ပတ်ပတ်လည်ကိုကြည့်လိုက်လျှင် တောင်တန်းနှင့် မြစ်ပြင်တိုင်းက ရှေးကျသော အရိပ်အမြွက်များ ပြည့်နေခဲ့၏။
 
သိုလှောင်ခြင်း မှော်ရတနာအတွင်းရှိ ကြေးအိမ်မြှောင်ကလည်း ပို၍ပြင်းထန်စွာ တုန်ခါလာတာကို ကျွင်းရှောင်ယောက် သတိပြုမိခဲ့သည်။
   
'ဖြစ်နိုင်မလား...'
ကျွင်းရှောင်ယောက် တစ်ခုခုကို သဘောပေါက်သွား၏။

ထို့နောက်မှာတော့ တားမြစ်နယ်မြေကို စတင် စူးစမ်းလေ့လာကြတော့သည်။

များမကြာမီ သူတို့အားလုံး တာအိုနတ်ဘုရားနယ်ပယ်မှ ကြောက်စရာကောင်းသော ရှေးဦးအကြွင်းအကျန်များနှင့် ကြုံတွေ့ခဲ့ရသည်။

၎င်းက ဦးခေါင်းနှစ်လုံးပါသော ထူးဆန်းသည့် မြွေတစ်ကောင် ဖြစ်၏။ သူမှုတ်ထုတ်လိုက်သော မီးတောက်များက သာမန် ကောင်းကင်နတ်ဘုရားနယ်ပယ် ပါရမီရှင်များကိုပင် ပြာဖြစ်သွားစေရန် လုံလောက်သည်။

တချို့ ကောင်းကင်နတ်ဘုရားနယ်ပယ် ရှေးဟောင်းလူထူးဆန်းများပင် ၎င်းကို ဖြေရှင်းရန်အတွက် ခက်ဦးမည်။
  
တစ်ဖက်တွင် ကျွင်းရှောင်ယောက်ကတော့ လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံသာ ဖြစ်သည်။ တာအိုအမှတ်အသားများ ရောယှက်နေသော လက်ဝါးရိုက်ချက်က မြွေကြီးကို အသားစိုင်များအဖြစ်သို့ ပေါက်ကွဲသွားစေခဲ့ပေသည်။

ယင်းက ရိုးရှင်းပြီး ပြတ်သားကာ အင်အားကြီးမားသည်။
  
ဤအတွက် အနီးနားရှိလူတိုင်း တံတွေးတစ်လုတ်ကို မျိုချလိုက်မိသည်။ သို့သော်လည်း မကြာမီ သူတို့၏မျက်လုံးများမှ စိတ်လှုပ်ရှားမှုများကို လှစ်ဟလာတော့သည်။

ကျွင်းရှောင်ယောက်နောက်ကို လိုက်ပါနေသရွေ့ လိုချင်‌တာမှန်သမျှ ရနိုင်သည်။
  
များမကြာမီ လူတိုင်းက ကိုယ်ပိုင်အခွင့်အလမ်းကို ရှာဖွေတွေ့ရှိခဲ့ကာ အချို့ကလည်း စတင်စူးစမ်းခဲ့ကြသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now