အပိုင်း ၃၅

771 73 0
                                    

အခန်း ( ၃၅ ) ဗလာပိုင်းဖြတ်နဂါးခြေသည်းကို တိုက်ရိုက်ခုခံခြင်း၊ လုံဟောက်ထျန်း လက်တစ်ဖက်ကို ဆွဲဖြုတ်ပစ်လိုက်ပြီ

"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

မြေပြင်မှ တုန်ခါလှိုင်းများဟာလည်း ရေလှိုင်းကဲ့သို့ ပတ်ဝန်းကျင်ကို ဖြာထွက်လာ၏။

အားလုံးက ဗလာပိုင်းဖြတ်လက်နဂါးလက်သည်းဖြင့် ထိမှန်သွားသော အဖြူရောင်ဝတ်လူငယ်ကို လှမ်းကြည့်လိုက်ကြသည်။

လုံဟောက်ထျန်း၏ ရုတ်တရက်တိုက်ခိုက်မှုက လူအများကို အံ့အားသင့်စေသည်ဟုဆိုလျှင် ကျွင်းရှောင်ယောက်၏လျင်မြန်မှုက ပို၍ တုန်ယင်စေခဲ့ပြီ။

သို့ရာတွင် လုံဟောက်ထျန်းအသုံးပြုသည်က ဘိုးဘေးနဂါးသိုက်၏ ဗလာပိုင်းဖြတ်နဂါးလက်သည်းဖြစ်သည်။

ဤတိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရပါက နိုဘယ်လက်နက်ဖြင့် ကာကွယ်ထားလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။

ယခင်ကလည်း လုံဟောက်ထျန်းဟာ ဤသိုင်းကွက်ဖြင့် ပြိုင်ဘက် ပါရမီရှင်များစွာကို ဖိနှိပ်၊ ဖယ်ရှားနိုင်ခဲ့၏။

"နတ်ဘုရားသားတော်"
ကျွင်းရွယ်ဟွမ်၏မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူရော်သွားတော့သည်။

အကယ်၍ ကျွင်းရှောင်ယောက် ဒဏ်ရာအပြင်းအထန်၊ သို့တည်းမဟုတ် တခုခု ဖြစ်သွားပါက ကျွင်းရွယ်ဟွမ်ကို ခွင့်လွှတ်ကြတော့မည် မဟုတ်ပေ။

အကြောင်းကတော့ ကျွင်းရှောင်ယောက်၏ အအနေအထားက ကျွင်းမိသားစု၌ သူမထက် များစွာပို‌သာနေသောကြောင့်ပင်။

အလားတူပင် ကျန်းလော့လီ၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားခဲ့သည်။
"အကိုရှောင်ယောက်"

ကျန်းရို့၊ ကျန်းစန်းယီ၊ ကျွင်းကျန်းထျန်းနှင့် တခြားသူများလည်း မျက်နှာပျက်သွားကြ၏။

ကျွင်းရှောင်ယောက်က လက်ရှိ ကျွင်းမိသားစု၏မျိုးဆက်တွင် အရေးကြီးဆုံး အဓိကလူတစ်ယောက်ဖြစ်သည်။

သူသာ တစ်ခုခုဖြစ်သွားခဲ့ရင် အကျိုးဆက်က မှန်းဆလို့ပင် မရပေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now