၅၅၆ - ၅၆၀

478 59 0
                                    


အခန်း ( ၅၅၆ ) ကျွင်းရှောင်ယောက်နှင့် ဘီလူးလေး သုံးယောက်၊ အင်မော်တယ်စွမ်းအင်လေးခု ထွက်ပေါ်လာ၍ အားလုံး တုန်ယင်သွားရသည်။

ကျွင်းရှောင်ယောက်က သူ့ရှေ့မှ လော့လီလေးကို ကြည့်လိုက်သည်။
 
သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်နေသည့် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များက ရှူရှိုက်မိသူတိုင်းကို ကောင်းကင် တက်သွားတော့မလို ခံစားရစေသည်။
   
"နင်... နင်လည်း ငါ့ကို စားမလို့လား။ ငါက အရသာမကောင်းပါဘူး၊ ငါ့မှာ အသားမရှိဘူး..."
လော့လီလေး၏ သေးငယ်သောခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားသည်။

"ဒီမှာပဲနေ၊ မလှုပ်နဲ့"
ကျွင်းရှောင်ယောက်က ကောင်မလေးကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

သူက စတုတ္ထမြောက် အင်မော်တယ်စွမ်းအင်ကို ပေါင်းစည်းပြီးပြီမို့ အင်မော်တယ်ခြင်ဆီဘုရင်ကို သန့်သင်ရန်အတွက် အလျင်မလိုပေ။
  
ယခုအချိန်တွင် ဖြေရှင်းစရာတချို့ ရှိနေဆဲ ဖြစ်သည်။
   
ယင်းကိုကြားတော့ လော့လီလေးက ဒူးနှစ်လုံးကို လက်နှင့်ပိုက်ကာ ကုပ်ကုပ်လေး ထိုင်ချလိုက်သည်။ တားမြစ်အင်မော်တယ် တံဆိပ်‌နှင့် စည်းချထား၍ သူမ ပြေးချင်လျှင်ပင် မလွတ်နိုင်ပေ။

"ကျွင်းရှောင်ယောက်"
ကျွင်းရှောင်ယောက် ရောက်လာသည်ကို မြင်သောအခါ ပင်လယ်နတ်ဘုရား တတိယမင်းသား၏ မျက်လုံးများက အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်ဓားသမား၏ မျက်လုံးများမှာလည်း ပြင်းထန်ချင်စိတ်များ ဖြစ်လာခဲ့၏။

ကျွင်းရှောင်ယောက်တွင် သူလိုချင်သော အရာများရှိသည်။

ကျောက်စိမ်းဗုဒ္ဓကတော့ ပြုံးနေဆဲပင်။ သို့ရာတွင် သူသည်လည်း စွမ်းအင်စုစည်းထားသည်။

သူသည်လည်း လှုပ်ရှားရန် စိတ်ကူးရှိကြောင်း သိသာထင်ရှားလှပေသည်။
 
ခဏချင်းပင် ဘီလူးလေး ‌သုံးယောက်က ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားလိုက်သည်။
  
ဤမြင်ကွင်းက သိုင်းကွင်းပြင်မှ ပါရမီရှင်တိုင်းကို ဖမ်းစားသွားနိုင်ခဲ့ပေသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now