အပိုင်း ၆၁ မှ ၆၅

800 66 2
                                    

အခန်း ( ၆၁ ) သုံးဗွေတစ်ဗွေဆွဲသည့် ကျွင်းဝမ်ကျဲ၊   ရှောင်ချန်း၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်း၊ အဓိကဇာတ်ကောင်ပုံစံက တကယ်မရှိနိုင်ဘူး

ရှောင်ချန်း အမှန်တကယ် ဒေါသထွက်သွားသည်။

သူ့အဖို့ ကျွင်းရှောင်ယောက်ဟာ အိပ်မက်ဆိုးပင် ဖြစ်၏။

သို့သော်လည်း လက်ရှိအခွင့်အရေးဟာ သူ့အနာဂတ်တစ်ခုလုံးနီးပါးနှင့် ပတ်သက်သောကြောင့် အလွန်အရေးကြီးပေသည်။

သို့ရာတွင် သူ့ကိုယ်ပိုင်ခွန်အားနှင့် နဂါးအရိုးများကို ကျွင်းဝမ်ကျဲအရှေ့မှ ယူထုတ်သွားရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ရှောင်ချန်းဟာ တွန့်ဆုတ်နေသည့်တိုင် ဝူမင်ယွဲ့ထံမှ အကူအညီတောင်းရုံမှတပါး အခြားမရှိတော့ပါချေ။

ထိုစကားကိုကြားသောအခါ ဝူမင်ယွဲ့က နှုတ်ခမ်းကို ကိုက်လိုက်သည်။

သူဟာ ဘိုးဘေးနဂါးသိုက်မှ လုံပိကျစ်ကို မကြောက်သော်လည်း ကျွင်းဝမ်ကျဲနှင့် ရင်ဆိုင်ရန်တွင်ကား ချီတုံချတုံ ဖြစ်နေသည်။

အကြောင်းမူကား ကျွင်းမိသားစုဟာ အစွမ်းထက်လွန်းသောကြောင့်ပင် ဖြစ်ချေတော့၏။

အဓိကမိသားစုကြီးသုံးခုအနက် တစ်ခုဖြစ်သော ကျွင်းမိသားစုဟာ အင်မော်တယ်နယ်မြေကြီးတွင် ဘိုးဘေးနဂါးသိုက်ထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။

ဝူမင်ယွဲ့ဟာ သူမတစ်ယောက်တည်းဆိုလျှင် ဂရုစိုက်မည်မဟုတ်ပါ။ သို့သော်လည်း သူမအတွက် ပန်ဝူနတ်ဘုရားမင်းဆက်ကိုပါ ဆွဲထည့်မိလျှင် အကျိုးဆက်က ကြောက်စရာကောင်းလာပေလိမ့်မည်။

"မင်ယွဲ့..."
ချီတုံချတုံဖြစ်နေပုံရသော ဝူမင်ယွဲ့ကို မြင်သောအခါ ရှောင်ချန်း အနည်းငယ် အံ့သြသွားသည်။

အဆင့်အတန်းမြင့်မားသော ပန်ဝူနတ်ဘုရားမင်းဆက်၏ မင်းသမီးတစ်ပါးပင် ကျွင်းမိသားစုကို အလွန်ကြောက်ရွံ့နေရပါသလော။

သို့တည်းမဟုတ် ကျွင်းရှောင်ယောက်က အလွန်ကြောက်စရာ ကောင်းနေပါသလော။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now