အပိုင်း ၁၃

789 81 0
                                    

အခန်း ( ၁၃ ) ရှေးဦးစိတ်ဝိညာဉ်ပုံရိပ်ဖော်ကျင့်စဉ်၊ ဂုဏ်သိက္ခာနှင့်အကျပ်ကိုင်ခြင်း

ကျွင်းမိသားစု၏ ကောင်းကင်ဧကရာဇ်နန်းတော်တွင်...

ကျွင်းရှောင်ယောက်က လျှို့ဝှက်ကျင့်ကြံခြင်းအခန်းတစ်ခုတွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်နေသည်။

သူ့ပတ်ဝန်းကျင်တွင် နတ်အရင်းအမြစ်များစွာဖြင့် ပြည့်နှက်နေပြီး အဆုံးမရှိ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်နေ၏။

ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် ကျင့်ကြံသူများက ဤနတ်အရင်းအမြစ်များကိုသုံး၍ လေ့ကျင့်ကြပေသည်။

ဤတွင် သာမန်လူမျာက သာမန်မူလကျောက်များကိုသာ အသုံးပြု၍ လေ့ကျင့်နိုင်သည်။

ပိုအစွမ်းထက်သော အင်အားစုများကမူ ပိုအဖိုးတန်‌သော ကောင်းကင်အရင်းအမြစ်များကိုသုံးပြီး လေ့ကျင့်နိုင်ကြ၏။

ရှေးဟောင်းမင်းမျိုးနွယ် မိသားစုများနှင့် ထိပ်တန်းအင်အားစုများကတော့ အကောင်းမွန်ဆုံး နတ်အရင်းမြစ်များကို အသုံးပြုကာ လေ့ကျင့်ပေတော့သည်။

အကောင်း‌ဆုံးသော နတ်အရင်းအမြစ်များဟာ ရှေးဟောင်းမျိုးနွယ်များသာ ပိုင်ဆိုင်ကြသည်။ သို့ရာတွင် ၎င်းတို့ပင် ဖောဖောသီသီ အသုံးမပြုနိုင်ပေ။

အရင်းအမြစ် မူလကျောက်များကို အဆင့်နိမ့်၊ အလယ်လတ်အဆင့်၊ ထိပ်တန်းအဆင့်နှင့် ပကတိဟူ၍ ခွဲခြားထားသည်။

ယခု ကျွင်းရှောင်ယောက် အသုံးပြုနေသည်များမှာ အမြင့်ဆုံး မူလကျောက်များပင် ဖြစ်၏။

သူ့ပိုင်ဆိုင်မှုများ၏ အသေးဆုံး အစိတ်အပိုင်းတစ်ခုကို ထုတ်ပြလျှင်ပင် အားလုံး လဲသေချင်စိတ်ပေါက်နေပေလိမ့်မည်။

ကျွင်းရှောင်ယောက်စိတ်ထဲတွင် ကြီးမားကာ တောက်ပ၍ ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ရှိနေသည်။

၎င်းက သူ့ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစည်းထားသော နတ်နန်းတော်ပင် ဖြစ်၏။

၎င်းက ရုပ်ခန္ဓာငါးပါးနှင့် နတ်ရတနာငါးပါးထက် ထူးကဲသာလွန်သော အဆင့်တစ်ခုဆိုရင်လည်း မမှားပေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now