အပိုင်း ၄၁

816 73 3
                                    

အခန်း ( ‌၄၁ ) ဘိုးဘေးနဂါးသိုက်၏ မျှော်လင့်ချက် လုံအိုထျန်း၊ ရဲ့ရှင်းယွင်၏ ရည်ရွယ်ချက်

ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့်မွေးနေ့ပွဲဟာ စိတ်လှုပ်ရှားစရာ၊ တုန်လှုပ်ချောက်ချားစရာ အတက်အကျ အခြေအနေများနှင့် ပြီးဆုံးသွားခဲ့သည်။

ကျွင်းမိသားစုမှ ပြန်လည်ထွက်ခွာလာခဲ့သည်အထိ အင်အားစုအသီးသီးမှ အကြီးအကဲများ၊ လူငယ် ပါရမီရှင်များ၏ တုန်လှုပ်ချောက်ချားနေသော မျက်နှာအမူအရာများဟာ မပျောက်ကွယ်သေးပါချေ။

ဤတစ်ခေါက် ကျွင်းမိသားစု၌ မြင်တွေ့ခဲ့ရသည်များဟာ သူတို့ကို အလွန်တုန်လှုပ်သွားစေသည်။

အထူးသဖြင့် ကျွင်းမိသားစုမှ နတ်ဘုရားသားတော်ပင် ဖြစ်သည်။ သူက ငယ်ရွယ်သေးသည့်တိုင် ဧကရာဇ်ငယ်များကဲ့သို့ ဖြုံလောက်စရာ အရှိန်အဝါများကို ပိုင်ဆိုင်ထားသေး၏။

ရဲ့မိသားစုမှ ကြယ်ဘုရင်ခန္ဓာကိုယ်နှင့် ရဲ့ရှင်းယွင်ဖြစ်စေ၊ ဘိုးဘေးနဂါးသိုက်မှ မင်းသားလုံဟောက်ထျန်းပင်ဖြစ်စေ၊ မည်သူမျှ ကျွင်းရှောင်ယောက်ကို ရင်မဆိုင်နိုင်ဘဲ သူအလိုရှိတိုင်း ဖိနှိပ်ဖျက်ဆီးလို့ရသည့် တည်ပျော့သီးတစ်လုံးကဲ့သို့ပင် ဖြစ်သည်။

ကျွင်းမိသားစုမှ နတ်ဘုရားသားတော်နှင့် မိမိကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်မိသောအခါ ပါရမီရှင် လူငယ်လေးများဟာ သက်ပြင်းချရုံမှတပါး အခြားဘာမှ မတတ်နိုင်တော့ပေ။

ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာအပြင် အနှိုင်းမဲ့အရိုးကိုလည်း ပိုင်ဆိုင်ထားသေး၏။ သူက အမှန်တကယ် ဧကရာဇ်ဖြစ်ဖို့ မွေးဖွားလာသောသူပင် ဖြစ်တော့သည်။ 

ကျွင်းရှောင်ယောက်၏ တည်ရှိမှုကြောင့် ဤကမ္ဘာပေါ်တွင် တခြားပါရမီရှင်များအတွက် နေရာမရှိတော့ပေ။

ထိုအတွက် အကြီးအကဲတချို့ပင် သက်ပြင်းချနေရသည်။ ကျွင်းရှောင်ယောက်၏ လက်ရှိတိုးတက်မှုအတိုင်းဆိုလျှင် နှစ်အနည်းငယ်အတွင်း သူတို့ကို ကျော်တက်သွားတော့မည် မဟုတ်ပါလား။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now