အပိုင်း ၂၆၁ မှ ၂၆၅

574 56 0
                                    

အခန်း ( ၂၆၁ ) လက်မှတ်ထိုးဝင်ခြင်း၊ ကြယ်ခုနစ်ပွင့်ဆုလာဘ်...  ထိုရှီဧကရာဇ်မီးလျှံ။

လူစွမ်းကောင်းဝိညာဉ်ယဇ်ပလ္လင်တွင် လှေကားထစ် တစ်ထောင်ရှိသည်။

လှေကားတစ်ထစ် ပိုတက်လိုက်တိုင်း ဖိအားပိုတိုးလာကာ အမျိုးမျိုးသော အနှောင့်အယှက်များလည်း ပိုရှိလာတတ်၏။

ယခုဆိုလျှင် ကျွင်းရှောင်ယောက်သာလျှင် ရပ်နားခြင်းမရှိဘဲ အဆက်မပြတ် အရှိန်ဖြင့် ရှေ့ကို ဆက်သွားနိုင်သည်။

ကျိချင်းရီ၊ ဝမ့်ချွမ်၊ ရှောင်မိုရှန်း၊ ကျန်းလော့လီ၊ ရီယု၊ ရန်ချင်းယင်နှင့်  အခြားသူများလည်း တစ်ဆင့်ချင်း တက်လာခဲ့လေသည်။

၎င်းတို့အပြင် အခြားပါရမီရှင်များကလည်း ဤအခွင့်အရေးကို လက်လွှတ်မခံကြပေ။
  
သို့သော်လည်း ကျိချင်းရီ၊ ဝမ့်ချွမ်၊ ကျန်းလော့လီ၊ ရန်ချင်းယင်တို့ကဲ့သို့ အင်မော်တယ်မျိုးဆက်များ သို့မဟုတ် ရှေးဟောင်းလူထူးဆန်း သို့တည်းမဟုတ် မင်းမျိုးနွယ်မိသားစုများမှ ပါရမီရှင်များနှင့်ယှဉ်လျှင်…

ကျန်ပါရမီရှင်များက သိသိသာသာ အားနည်းကြသည်။

၎င်းတို့‌အနေဖြင့် လူစွမ်းကောင်းဝိညာဉ်ယဇ်ပလ္လင်ပေါ်သို့ ခြေချရန်ပင် မနည်းကြိုးစားရလေသည်။
   
ထိုအထဲတွင် စိတ်ခံစားချက်များကို မထိန်းနိုင်ဘဲ ရူးသွပ်နေသလို ငိုရင်းမှ ရယ်မောနေသော ပါရမီရှင်များလည်း ရှိသည်။

ယင်းက ယဇ်ပလ္လင်ရှိ တစ္ဆေသရဲ အော်သံများကြောင့်ဖြစ်ပြီး ထိုအသံများမှာ လူတို့၏စိတ်ကို ရူးသွပ်ဖောက်ပြားစေနိုင်သည်။
   
ဤအသံများကို ခုခံနိုင်သည်က များစွာမရှိပေ။

စိတ်စွမ်းအားခိုင်မာသော ပါရမီရှင်အနည်းငယ်မှလွဲလျှင် အများစုက ဆက်လက်မထိန်းနိုင်တော့ဘဲ ရူးသွပ်သွားကြသည်

"ဟားဟားဟား၊ ငါက ရှေးခေတ်နဲ့ အခုခေတ်မှာ ပြိုင်ဖက်ကင်းတဲ့ နံပါတ်တစ်ပဲ။ ငါ့ကို တိုက်ခိုက်နိုင်တဲ့သူ မရှိဘူးကွ"
ပါရမီရှင်တစ်ဦးက အားပါးတရ ရယ်မောလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now