၅၉၁ - ၅၉၅

489 52 1
                                    

အခန်း ( ၅၉၁ ) ပြန်လည်ဝင်စားလာတဲ့ ဧကရာဇ်လား၊ ကိုယ်ပိုင် မဟာနတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်သူ၊ ကမ္ဘာဦးကျမ်းနှင့် ဆန့်ကျင်ခြင်း။

"ငါ... ငါ မြင်နေရတာ တကယ်လား။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ အင်မော်တယ် စွမ်းအင်ငါးခုလား"

"ဟုတ်တယ်၊ အင်မော်တယ်စွမ်းအင် ငါးခုတောင်"

"အရင်က လေးခု မဟုတ်လား။ နတ်သန္ဓေကို သန့်စင်ပြီးနောက် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က နတ်သန္ဓေကို သန့်စင်ပြီးတော့ အင်မော်တယ် စွမ်းအင်တစ်ခု ထပ်တိုးလာခဲ့ပုံရတယ်"

ဧကရာဇ်လမ်းတွင် အင်မော်တယ်စွမ်းအင်သုံးခုက အလွန် အစွမ်းထက်သည်ဟု ဆိုနိုင်သည်။

အင်မော်တယ် စွမ်းအင်လေးခုကတော့ ဧကရာဇ်လမ်းဘုရင်ဘွဲ့အတွက် ယှဉ်ပြိုင်ရန် လုံလောက်းနေခဲပြီ။ 

ယခုမူ၊ ကျွင်းရှောင်ယောက်က လမ်းကြောင်းအားလုံးကို တုန်လှုပ်သွားစေနိုင်အောင် အင်မော်တယ် စွမ်းအင်ငါးခုကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့ပြီး ပါရမီရှင်အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

"နတ်မိစ္ဆာ၊ တစ်ဦးတည်းသော နတ်မိစ္ဆာပဲ"
အဓိပဓိတုသော်၏ မျက်ခွံများလည်း အနည်းငယ် လှုပ်ယမ်းသွားသည်။

သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ကျွင်းရှောင်ယောက်ဟာ တစ်ခုခုကို ဖုံးကွယ်ထားသကဲ့သို့ သူအမြဲတမ်း ခံစားခဲ့ရသည်။

ကျွင်းရှောင်ယောက်၏ ပြန်လည်ဝင်စားခြင်းလက်သီးကို အင်မော်တယ် စွမ်းအင်ငါးခုက ရစ်ပတ်ထားခဲ့သည်။

လက်သီးတစ်ချက်နှင့် ကောင်းကင်ကို ချိုးဖြတ်ခဲ့၏။   

ဤလက်သီးအောက်တွင် ဓားစွမ်းအင်အားလုံး ပျက်သုဉ်းသွားပြီး အရိပ်အမြွက်မရှိဘဲ ပျောက်ကွယ်သွားတော့သည်။

"ဖူး"
နောက်ဆုံးတွင်၊ ရဲ့ကူချန် မထိန်းနိုင်တော့ဘဲ သွေးများ အန်ထွက်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ အင်မော်တယ်စွမ်းအင်တွင် ရုပ်ခန္ဓာ အင်မော်တယ် စွမ်းအင်များသာမကဘဲ အရာအားလုံး၏မိခင်ချီ အင်မော်တယ် စွမ်းအင်လည်းရှိသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now