အပိုင်း ၁၂၁ မှ ၁၂၅

738 54 2
                                    

အခန်း ( ၁၂၁ ) ကျဆုံးမြင့်မြတ်ခန္ဓာ၏ လျှို့ဝှက်ချက်၊ ပန်ဝူနတ်ဘုရားမင်းဆက်၏ အကြံ၊ ကျဆုံးအလောင်းကို ထိန်းချုပ်နိုင်ခဲ့လျှင်ဖြင့်…

ရှေးဟောင်းမြင့်မြတ်ခန္ဓာကို မည်သူက ကျဆုံးသွားသော မြင့်မြတ်ခန္ဓာအဖြစ်သို့ ပြောင်းလဲစေခဲ့ပါသနည်း။

ယင်းက ပန်ဝူနတ်ဘုရားမင်းဆက်၏လက်ချက်တော့ မဖြစ်နိုင်ပေ။

အကယ်၍ ပန်ဝူဧကရာဇ်သခင်နှင့် တခြားသူများက ပြုလုပ်ခဲ့ရိုးမှန်လျှင် ယခုကဲ့သို့ တားမြစ်ထားဖို့မလိုပါချေ။

ဤကျဆုံးမြင့်မြတ်ခန္ဓာက ဤနေရာတွင် ရောက်ရှိနေခဲ့တာ နှစ်ပေါင်းမရေတွက်နိုင်အောင် ကြာမြင့်သွားခဲ့ပုံရသည်။

ပန်ဝူဧကရာဇ်သခင်နှင့် အခြားသူများကလည်း ၎င်းကို လျစ်လျူရှုထား၏။

သူတို့လုပ်နိုင်မည်ဟုလည်း မထင်ပေ။

အကြောင်းမှာ ဤကျဆုံးမြင့်မြတ်ခန္ဓာက အလွန်ကြမ်းကြုတ်ပြီး အသိဉာဏ်ပျောက်ဆုံးနေခဲ့သောကြောင့်ပင် ဖြစ်သည်။

"ဂါး"
ကျဆုံးမြင့်မြတ်ခန္ဓာက ထပ်မံလှုပ်ရှားချင်သော်လည်း သူ့ခန္ဓာကိုယ်ဟာ ကန့်သတ်ခံထားရသည်။

သူ့လည်ပင်း၊ လက်ကောက်ဝတ်များနှင့် ခြေကျင်းဝတ်များတွင် ထူထဲသော သံကြိုးကြီးများဖြင့် ချည်နှောင်ထား၏။

ကျွင်းရှောင်ယောက်က အနည်းငယ် အနောက်ရောက်သွားသောကြောင့် ကျဆုံးမြင့်မြတ်ခန္ဓာ၏ ထပ်မံတိုက်ခိုက်ခြင်းကို ခံရတော့မည် မဟုတ်ပေ။

“ဒီမြင့်မြတ်ခန္ဓာရဲ့ စွမ်းအားက ထူးထူးခြားခြား မသန်မာဘူးလို့ ငါခံစားရတာ အံ့သြစရာမရှိတော့ပါဘူး။ သူက ပိတ်ဆို့ခံထားရတာ"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

သူဟာ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို ယောင်ဝါးဝါးသာ သတိပြုမိ၏။

သူ့ရှေ့မှ ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် အတားအဆီးလေးခုအထိ ချိုးဖြတ်လုနီးပြီ ဖြစ်သည်။

ယခုခေတ်မှာတော့ ထိုသို့ချိုးဖြတ်ရန်က မလွယ်ကူတော့ပေ။

နောက်ဆုံးတွင်ကား လူတိုင်းဟာ ကျွင်းရှောင်ယောက်ကဲ့သို့ အတားအဆီးရွှေကျိုးဆယ်ချောင်းစလုံးကို ချိုးဖြတ်နိုင်စွမ်း မရှိခဲ့ကြပါချေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now