အပိုင်း ၂၀၆ မှ ၂၁၀

586 54 0
                                    

အခန်း ( ၂၀၆ ) ဝါးမျိုခြင်းဖင်းဂေါ့ကျမ်း၏ ဆက်ခံသူအစစ်အမှန်၊ ရန်ချင်းယင်၏ အခြေအနေ၊ နတ်ဘုရားသားတော်ကို သစ္စာခံပြီး ထာဝရရှင်သန်ပါ။
   
ကြွေလွင့်နတ်ဘုရားသားတော်အနေဖြင့် မည်သို့ဆိုစေ သူလှုပ်ရှားရမည်။

မဟုတ်လျှင် သူ၏ တာအိုနှလုံးသားက ဖုန်မှုနှင့် အညစ်အကြေးများ ဖြစ်ပေါ်လာလိမ့်မည်။

ကျွင်းရှောင်ယောက်က အလွန်မထီမဲ့မြင်ပြုသော သဘောထားဖြင့် ပြောဆိုခဲ့သည်။

အကယ်၍ သူသာ မတိုက်ခိုက်ခဲ့ပါက အခြား အင်မော်တယ်နယ်မြေကြီးရှိ ပါရမီရှင်များ၏ လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ပြီးကတည်းက ဤတိုက်ပွဲသည် စတင်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း တစ်ရက်အတွင်းမှာပဲ ကြွေလွင့်နတ်ဘုရားသားတော်က ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ချင်သောသတင်းများ ပျံ့နှံ့သွားခဲ့သည်။

ယင်းက နေရာတိုင်းတွင် လှုပ်ရှားမှုများ ဖြစ်သွားစေခဲ့၏။

အင်မော်တယ်နယ်မြေကြီးရှိ ပါရမီရှင်များ တော်တော်များများလည်း အံ့သြသွားကြသည်။

ကျွင်းမိသားစုမှ နတ်ဘုရားသားတော်။

ကြွေလွင့်နတ်ဘုရားသားတော်။

သူတို့နှစ်ယောက်လုံးက နာမည်ကြီး၏။

ဝိသေသလက္ခဏာအရ ၎င်းတို့နှစ်ဦးစလုံးသည် အင်မော်တယ်နယ်‌မြေကြီး၏ ထိပ်သီး မျိုးဆက်များ ဖြစ်သည်။

ခွန်အားတွင်လည်း သူတို့နှစ်ဦးမှာ မကွာခြားလောက်ပေ။ 
   
ထိုနှစ်ယောက်သာ တိုက်ခိုက်ကြလျှင် ပြင်းထန်သော တိုက်ပွဲဖြစ်နိုင်သည်။ 

စန်းလော့တိုက်ကြီးမှ ကျင့်ကြံသူများပင်လျှင် အလွန်စိတ်ဝင်စားနေကြပြီး သတင်းရသည်နှင့်တပြိုင်နက် အားလုံးစုရုံးကာ ထွက်လာကြတော့သည်။

အင်မော်တယ်နယ်မြေကြီးရှိ ပါရမီရှင်များ၏ တိုက်ပွဲက ရှားသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now