အခန်း ၁ - ပြိုင်ဘက်ကင်း

1.6K 107 0
                                    


အခန်း ( ၁ ) ရှေးဟောင်းမြင့်မြတ်ခန္ဓာသို့ ဆိုင်းအင် ဝင်ရောက်ခြင်း၊ သူတော်စင်တစ်သောင်း အရိုအသေပေးကြခြင်း

ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ...

တာအိုစီရင်စု သုံးထောင်အနက်မှ တစ်ခုဖြစ်သော တော်ဝင်စီရင်စု...

ရှေးဟောင်းပျက်ဆီးခြင်း မင်းမျိုးနွယ်မိသားစု၏ နေရာ၊ ကျွင်းမိသားစု...

ကျွင်းမိသားစုဟာ အင်မော်တယ်‌နယ်မြေ၌ အလွန်တန်ခိုးထွားသော မိသားစုကြီးတစ်ခုဖြစ်သည်။ အတိတ်တွင် သူတို့က ထိပ်သီးမဟာဧကရာဇ်တစ်ပါးကိုပင် မွေးထုတ်ပေးနိုင်ခဲ့၏။

ဤအတောအတွင်းတွင် တော်ဝင်စီရင်စုတစ်ခုလုံးနှင့် ပျက်ဆီးခြင်း ကောင်းကင်အင်မော်တယ်နယ်မြေတစ်ခုလုံး တုန်ခါနေရသည်။

အကြောင်းမူကား ကျွင်းမိသားစု၏ နတ်ဘုရားကျွန်းတွင် နဂါးနှင့် ဖီးနစ်ပုံရိပ်များအပြင် နဂါးဟိန်းသံ၊ ဖီးနစ်အော်မြည်သံများ ထွက်ပေါ်နေခြင်းကြောင့်သာ ဖြစ်၏။

ကျွင်းမိသားစုတွင် ဆယ်နှစ်ကြာ ကိုယ်ဝန်ဆောင်ခဲ့ရသော အမျိုးသမီးတစ်ယောက် ရှိနေသည်။ ထို့ကြောင့်ပင် ဤဖြစ်စဥ်များဟာ မွေးဖွားလာသောကလေးက ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာမည့်အတွက်ဟု အားလုံးက ယူဆထားခဲ့၏။

........

ကျွင်းမိသားစု၏ နတ်ဘုရားကျွန်းမှ ကောင်းကင်ဧကရာဇ် နန်းတော်အတွင်းဝယ်...

ကျွင်းမိသားစု၏ အကြီးအကဲများစွာဟာ အသက်ပင်ပြင်းပြင်းမရှူဝံ့ဘဲ မွေးကာစ ကလေးတစ်ယောက်ကို ဝိုင်းကြည့်နေသည်။

၎င်းက မွေးကာစပင် ဖြစ်ပေသော်ငြား ငိုကြွေးခြင်းအတိကင်းမဲ့၏။ သူက မျက်လုံးပြူးပြူးလေးဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေလေသည်။

သို့ရာတွင် အကြီးအကဲများက ထိုကလေးကို ရွှေရောင်ဝင်းလက် နဂါးပေါက်လေးကဲ့သို့ ဂရုစိုက်နေကြသည်။

"ဒါ... ဒါက ရှေးဟောင်းပျက်ဆီးခြင်း မြင့်မြတ်ခန္ဓာလား"
အကြီးအကဲတစ်ယောက်က အသက်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now