အပိုင်း ၁၉၆ မှ ၂၀၀

621 58 0
                                    

အခန်း ( ‌၁၉၆ ) ကျွင်းရှောင်ယောက် ရောက်ရှိလာခြင်း၊ မင်းက နောက်တစ်ခါ လုပ်နိုင်ဦးမယ် ထင်လို့လား။

သူ့ထံသို့ ပြေးဝင်လာသော လင်းဖုန်းကိုမြင်သောအခါ နာလန်လော်ရှီး  နှုတ်ခမ်းကို ကိုက်လိုက်သည်။

သူမ၏ လက်ရှိ ခွန်အားက အရင်ကလို မဟုတ်တော့ပေ။ 

အကြောင်းမှာ ကျွင်းရှောင်ယောက်က သူမထွက်ခွာမီတွင် အရင်းအမြစ်များစွာကို ပေးထားခဲ့သောကြောင့် ဖြစ်သည်။

ထိုအရင်းအမြစ်များက နာလန်လော်ရှီးခွန်အားကို သိသိသာသာ တိုးတက်စေခဲ့၏။

လင်းဖုန်းက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်ရာ စကြာဝဠာကြီးကဲ့သို့ ထွက်ပေါ်လာတော့သည်။

သူက ကျန်ကမ္ဘာ့မူလအများစုကို စုဆောင်းပြီးခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူ၏လှုပ်ရှားမှုတိုင်းက ကမ္ဘာကြီးကို ရွေ့လျားစေနိုင်ပုံ ရလေသည်။

၎င်းက ကမ္ဘာကြီးတစ်ခုလုံး၏ ဖိအားများနှင့် ဖုံးလွှမ်းသွားပုံရကာ အလွန်ကြောက်စရာကောင်းလှသည်။
 
နာလန်လော်ရှီးက ဓားတစ်ချောင်းကို ဆွဲကိုင်ထားကာ လက်ဝါးပုံရိပ်အား ခုတ်ပိုင်းချလိုက်၏။

ထို့နောက်မှာတော့ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာကာ နာလန်လော်ရှီး၏ခန္ဓာက တုန်ခါသွား၍ အနောက်ကို ခြေလှမ်းတစ်ဒါဇင်ခန့် ပြန်ဆုတ်သွားရတော့သည်။

သူမ၏ ခွန်အားက များစွာတိုးတက်လာသော်လည်း လင်းဖုန်းကဲ့သို့ ကံကြမ္မာသားတော်နှင့် နှိုင်းယှဉ်ပါက ကြီးမားသော ကွာဟချက်တစ်ခု ရှိနေပါသေးသည်။

"ကျွင်းရှောင်ယောက်နဲ့ မင်းကြားမှာ ဆက်ဆံရေးက အများကြီး တိုးတက်မလာသေးဘူးထင်တယ်၊ သူ မင်းကို ဂရုမစိုက်ဘူး"
လင်းဖုန်းက လှောင်ပြောင်လိုက်သည်။

"ပါးစပ်ပိတ်ထား၊ သခင်လေးက ငါ့အပေါ်မှာ အရမ်းကောင်းတာ၊ သူက နင်ပြောချင်ရာ ပြော‌နိုင်တဲ့သူ မဟုတ်ဘူး"
နာလန်လော်ရှီးက အံကြိတ်ကာ ဆက်လက်တိုက်ခိုက်လိုက်သည်။

"အင်မော်တယ်နယ်မြေကြီးရဲ့ အမွေဆက်ခံသူဖြစ်ပြီး အခုအချိန်အထိ မျက်နှာ မပြဝံ့သေးဘူး၊ သူကြောက်နေတာလား"
လင်းဖုန်းက အေးစက်စက်ပြောကာ တိုက်ခိုက်လိုက်၏။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now