အပိုင်း ၃၃၁ မှ ၃၃၅

544 46 1
                                    

အခန်း ( ၃၃၁ ) အစွမ်းထက်သော နတ်ဘုရားသတ်ဖြတ်သူ၊ ရုပ်သေးသုံးရုပ်ဖြင့် ရန်သူများကို သုတ်သင်ခြင်း။

ယင်းက ကျန်းမိသားစု၏ နတ်ဘုရားသတ်ဖြတ်သူ ရုပ်သေးများဖြစ်ကာ တစ်ခုချင်းစီက မဟာသူတော်စင်နယ်ပယ်တွင် ရှိကြသည်။

အားလုံးသိကြသည့်အတိုင်း ရုပ်သေးရုပ်က နယ်ပယ်မြင့်လေ ဖန်တီးရသည်မှာ ပိုခက်ခဲလေ
 
သူတော်စင်နယ်ပယ် ရုပ်သေးဟုဆိုရလျှင် အင်မော်တယ်နယ်မြေကြီး၌ပင် ရှားပါးသည်။

ထို့ထက် မဟာသူတော်စင်နယ်ပယ် ရုပ်သေးရုပ်များဆိုလျှင် ပို၍ပင် ရှားပါး၏။

အင်မော်တယ် အင်အားစုများ၌ပင် အနည်းငယ်သာ မြင်တွေ့နိုင်လိမ့်မည်။

ကျွင်းရှောင်ယောက်ဟာ အောက်ကမ္ဘာသို့ သွားစဉ်ကတော့ ကြယ်ခွဲနတ်ဘုရားရုပ်သေးများကို တွေ့ခဲ့သည်။

သို့သော်လည်း ကြယ်ကွဲနတ်ဘုရားရုပ်သေးများက သူတော်စင်နယ်ပယ်တွင်သာ ဖြစ်ချေသည်။

ကျန်းမိသားစု၏ နတ်ဘုရားသတ်ရုပ်သေးများကတော့ ကြယ်ခွဲနတ်ဘုရားရုပ်သေးထက် အဆင့်နှစ်ဆင့် ပိုမြင့်ပြီး မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကျန်းမိသားစုက နတ်ဘုရားသတ်ရုပ်သေးသုံးကောင်ကို ကျွင်းရှောင်ယောက် ထံသို့ လွှဲပြောင်းပေးနိုင်ခဲ့ပြီး ၎င်းတို့၏ အလေးထားပုံနှင့် ဂရုစိုက်မှုကို မြင်တွေ့ရနိုင်သည်။

"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ မဟာသူတော်စင်နယ်ပယ် ရုပ်သေးသုံးခု၊ မင်းဘယ်သူလဲ"
ထျန်းရို့အားလောင်နှင့် ရွယ်လင်းတို့ သူတော်စင်နှစ်ယောက်လည်း အမြန်ပြန်ဆုတ်သွားကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောလိုက်သည်။

၎င်းတို့က ကြွေလွင့်ငှက်မွှေးမျိုးနွယ်ဖြစ်သော်လည်း သူတော်စင်နယ်ပယ် ရုပ်သေးရုပ်များ မရှိပေ။

ကျွင်းရှောင်ယောက်က မဖြေဘဲ သူ့ရှေ့မှ အရာအားလုံးကို လျစ်လျူရှုစွာဖြင့် ကြည့်နေခဲ့သည်။

နတ်ဘုရားသတ်ရုပ်သေးသုံးကောင်က အင်မော်တယ်အရင်းအမြစ်များစွာကို စားသုံးရန် လိုအပ်၏။ ကံကောင်းထောက်မစွာဖြင့် ကျန်းမိသားစုက ၎င်းကို ကျွင်းရှောင်ယောက်ထံသို့ လွှဲပြောင်းပေးသောအခါက နတ်ဘုရားသတ်ရုပ်သေးများတွင် အင်မော်တယ် အရင်းအမြစ်များ အပြည့်ထည့်ပေးလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now