၄၈၆ - ၄၉၀

515 52 1
                                    

အခန်း ( ၄၈၆ ) အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ နဂါးမျိုးနွယ်မှ ပါရမီရှင်များ ကြောက်ရွံ့ကုန်ပြီ၊ အရပ်ရပ်မှ ရှန်းကုမျိုးနွယ်စုများ စုစည်းခြင်း။

ကျွင်းရှောင်ယောက်၏ အနှင်းထက်သာလွန်သော ဖြူရောင်အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ်လူးလွန့်နေသည်။ သူက လေထဲတွင် ရပ်နေခဲ့ပေသည်။

တာအိုအမှတ်အသားများက သူ့ခန္ဓာအနှံ့ ပျံ့နှံ့သွားနေကာ အင်မော်တယ်ဧကရာဇ်၏ သားမြေးကဲ့သို့ ရောင်ခြည်များ ထွက်ပေါ်နေခဲ့သည်။

"ဒါ၊ ကျွင်း… ကျွင်း… ကျွင်းရှောင်ယောက်လား"
နဂါးလူမျိုးနွယ်မှ ပါရမီရှင်တစ်ယောက်က ယင်းကိုမြင်သောအခါ သူ့မျက်လုံးများ ပြူးသွားသည်။ သူဟာ ထိတ်လန့်လွန်း၍ စကားပင် ဖြောင့်အောင် မပြောနိုင်တော့ပေ။
   
သူသာမကဘဲ နဂါးလူမျိုးနွယ်၏ အခြားပါရမီရှင်များလည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။

ဟုတ်ပေသည်၊ သရဲတစ္ဆေကို မြင်ရသကဲ့သို့ပင် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကြေးအင်မော်တယ်နန်းတော်တွင် ကျဆုံးသွားပြီ မဟုတ်‌လော။
   
ယခု သူတို့ရှေ့တွင် အဘယ်ကြောင့် ပြန်ပေါ်လာသနည်း။
   
"ငါ အမြင်မှားနေတာပဲလား"
နဂါးလူမျိုးနွယ်၏ ပါရမီရှင်တချို့က သူတို့၏မျက်လုံးများကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ကြသည်။ သို့သော်၊ ကျွင်းရှောင်ယောက်၏ ရုပ်သွင်က ကောင်းကင်ပြင်တွင် ရပ်နေဆဲပင်။

"ဒီနတ်ဘုရားသားတော်ကိုမြင်ရတာနဲ့ မင်းတို့ ဘာလို့အံ့သြနေတာလဲ"
ကျွင်းရှောင်ယောက်က တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သောအပြုံးဖြင့် ပြောလိုက်သည်။
   
သို့သော်၊ နဂါးမျိုးနွယ်မှ ပါရမီရှင်များက ထိုသို့မထင်ပါ။

ကျွင်းရှောင်ယောက်၏ မကောင်းသတင်းက ရှန်းကုကမ္ဘာကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ရှန်းကုကမ္ဘာတွင်၊ ကျွင်းရှောင်ယောက်ကို မသိသူမရှိပေ။

သူတို့ ရှန်းကုသတ္တဝါများ၏အမြင်တွင် ကျွင်းရှောင်ယောက်က သေခြင်း နတ်ဘုရားနှင့် တူညီသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now