အပိုင်း ၂၁၁ မှ ၂၁၅

628 50 0
                                    

အခန်း ( ၂၁၁ ) ကြွေလွင့်နတ်ဘုရားသားတော်၏ ဝှက်ဖဲများ၊ ကြွေလွင့်ကောင်းကင်တံဆိပ်၊ ကြွေလွင့်နတ်ဘုရားတောင်ပံ၊ ဝါးမျိုခြင်း ဖင်းဂေါ့ကျမ်း၏ စွမ်းရည်။ 

ကြွေလွင့်နတ်ဘုရားသားတော်သည် မူလက ကျွင်းရှောင်ယောက်အတွက် တွင်းတူးချင်ခဲ့သည်။

ဤရှေးဟောင်းတိုက်ပွဲစင်မြင့်ကိုလည်း မူလက ကျွင်းရှောင်ယောက်ကို ထောင်ချောက်ဆင်ရန် ရည်ရွယ်ထားခဲ့၏။ ထိုအခါမှ ၎င်း၏ တာအိုကာကွယ်သူများ ဝင်စွတ်ဖက်ခြင်းရန်ကို ကာကွယ်နိုင်လိမ့်မည်။

ရလဒ်အနေဖြင့် ယခုအချိန်မှာတော့ ကြွေလွင့်နတ်ဘုရားသားတော်ကိုယ်တိုင် ပိတ်မိနေခဲ့ရပြီ ဖြစ်သည်။

ရှေးဟောင်းတိုက်ပွဲစင်မြင့်ကိုဖွင့်ပြီးနောက် တစ်ဖက်လူ ရှုံးနိမ့်သွားပါက သို့မဟုတ် သေဆုံးမှသာ ပတ်ဝန်းကျင်ရှိ အကာကွယ် တာအိုတံဆိပ်တော်များမှာ ပြန်လည်ရုတ်သိမ်းသွားပေမည်။

လက်ရှိအခြေအနေမှာတော့ အမြင်ရှိသူတိုင်း ဘယ်သူရှုံးမလဲဆိုတာ သိနိုင်နေခဲ့ပြီ ဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ကြွေလွင့်နတ်ဘုရားသားတော်က မယုံကြည်နိုင်စွာဖြင့် ဆံပင်များ ရှုပ်ပွနေသောခေါင်းကို ခါယမ်းလိုက်သည်။

ပြောရမည်ဆိုလျှင် သူ၏ရှေးဟောင်းလူထူးဆန်းခန္ဓာက အလွန်သန်မာသည်။ 

အခု ကျိုးပဲ့သွားလျှင်ပင် ပြန်လည်ကုသနေသ၍ ပြန်လည်ကောင်းမွန်လာလိမ့်မည်။
  
သို့သော်လည်း ကြွေလွင့်နတ်ဘုရားသားတော် နှလုံးခုန်မြန်နေခဲ့ပြီ ဖြစ်သည်။

"နောက်ဆုံးတော့ ကြောက်ရွံ့မှုကို မင်းခံစားမိပြီလား။ ဒါက ဒီနတ်ဘုရားသားတော်နဲ့ရင်ဆိုင်ရတဲ့အခါ မင်းမှာရှိသင့်တဲ့ ခံစားချက်ပဲ"
ကျွင်းရှောင်ယောက်က သားနို့စ်သူတော်စင်ဘုရင်လက်အိတ်ကို ထုတ်ယူပြီး ညာလက်တွင် ဝတ်လိုက်သည်။
   
ကြွေလွင့်နတ်ဘုရားသားတော်က သဲအိတ်တစ်ခုဖြစ်ရန် အရည်အချင်းပြည့်မီခဲ့၏။

အနည်းဆုံးတော့ သူ့အရေပြားက ကြမ်းတမ်းပြီး အသားက ထူကာ ရိုက်နှက်ခြင်းကို ခံနိုင်ရည်ရှိသည်။ 

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now