အပိုင်း ၁၄

821 83 0
                                    

အခန်း ( ၁၄ ) ငါ့လင်းလုံရှိတယ်၊ မင်းသမီးယုအာ အပြင်ဘက်တွင် ဒူးထောက်နေရပြီ

ကျွင်းရှောင်ယောက်လည်း ပိုင်ယုအာကို အထက်အောက် စုံချည်၊ဆန်ချည် ကြည့်လိုက်သည်။ ပိုင်ယုအာက အရပ်မြင့်မြင့်နှင့် လှပတာတော့ သေချာပေ၏။

သူ့နဖူးအလယ်ရှိ မီးကဲ့သို့ အနီရောင်တောက်တောက် အမှတ်အသားကြောင့်လည်း ပို၍ပင် ဆွဲဆောင်မှုရှိနေစေတော့သည်။

ဤအမှတ်အသားဟာ ကမ္ဘာကြီးတစ်ခုလုံးကို လောင်ကျွမ်းသွားစေနိုင်သည့် မီးတောက်တစ်ခုကဲ့သို့ပင်။

သို့ရာတွင် ပိုင်ယုအာ၏နည်းလမ်းက ထူးခြားသည်။

မူလက ကျွင်းရှောင်ယောက်ဟာ ၎င်းသာလိမ်မာလျှင် နောက်ကွယ်မှနေပြီး သူ့အစားဖီးနစ်ရှေးဟောင်းတိုင်းပြည်ကို စီမံထားခိုင်းရန်ပင် တွေးခဲ့မိသည်။

သို့သော် ယခုပုံစံအရတော့ သူဟာ သူ့ကို‌လိုက်ကပ်နေသော အမျိုးသားထုကြောင့် အေးစက်စက်နေတတ်ပုံရသည့် မိန်းကလေးနှယ် ဖြစ်မှန်းသိလာရသည်။ အမျိုးသားအားလုံးဟာ သူ့ဆန္ဒကို ဖြည့်ဆည်းရမည်ဟု မှတ်ယူထားပုံပင် ရ၏။

ကျွင်းရှောင်ယောက်လည်း တွေးရင်း ခေါင်းကိုသာ ခါယမ်းလိုက်တော့သည်။
'တခြားသူတွေဆိုရင်တော့ မင်းပြောသမျှကို ဂျိုတကားကားနဲ့ လုပ်ပေးကြမှာပါ... ဒါပေမဲ့ ငါက  မင်းတွေ့ဖူးတဲ့ကောင်တွေနဲ့ မတူဘူး'

ကျွင်းရှောင်ယောက်က ပြိုင်ဘက်ကင်းပါရမီ၊ မြင့်မားသော အဆင့်အတန်းနှင့် နောက်ခံရှိသူပင်။

ထို့အပြင် ရုပ်ရည်ကလည်း အတော်ချောသည်။

သူက တစ်ဖက်လူကို မလိုက်ရဘဲ တစ်ဖက်လူကသာ သူ့အနောက်ကို အစပြု၍ လိုက်ရသည်။

ဤတွင် ကျွင်းလင်းလုံက ပထမဆုံးသော မိန်းကလေးပင် ဖြစ်၏။

သို့သော် အနှီပိုင်ယုအာက ကျွင်းလင်းလုံလောက်ပင် မဟုတ်ပေ။ သူဟာ အနေစုတ်သော်လည်း မိမိကိုယ်ကို အလွန်အထင်ကြီးနေ၏။

သူ့အရှေ့တွင်ပင် သူမက ယုံကြည်မှုရှိနေဆဲပင်။

ကျွင်းရှောင်ယောက် ပြုံး၍ မေးလိုက်သည်။
"ငါတို့ချင်းသိကြတာ ဘယ်လောက်ကြာပြီလဲ"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now