အပိုင်း ၁၇

802 85 1
                                    

အခန်း ( ၁၇ ) ငါက နတ်ဆိုးမဟုတ်ပါဘူးဆို...၊ ရှောင်ချန်း လာရောက် စိန်ခေါ်ပြီ

ကောင်းကင်ဧကရာဇ်နန်းတော်၏ ဂိတ်ဝတွင်...

ပိုင်ယုအာက မြေပြင်၌ ဒူးထောက်နေဆဲပင်။ လွန်ခဲ့သည့်တစ်နှစ်ပတ်လုံး သူဟာ တစ်ကြိမ်မျှ မထခဲ့ပါချေ။

ယခုအခါ သူ၏ အနီရောင် ငှက်မွှေးဝတ်စုံဟာ  ဖုန်မှုန့်များဖြင့် ညစ်ပတ်နေခဲ့ပြီ။

ချောမောလှပခဲ့သော သူ့မျက်နှာကလည်း ပိန်လှီကာချောင်ကျလာ၍ ဖြူဖပ်ဖြူလျော်ပင် ဖြစ်လာသည်။

သူက ဖီးနစ်နတ်မီးတောက်၏ ကာကွယ်မှုခံရသော ပါရမီရှင်ပင် ဖြစ်သော်လည်း တစ်နှစ်ပတ်လုံး အစာမစား၊ ရေမသောက်ရခြင်းက သူ့ကို အလွန်အားနည်းစေသည်။

ဤနှစ်အတွင်း ကျွင်းရှောင်ယောက်ဟာ သူ့နံဘေးမှ အကြိမ်ကြိမ် ဖြတ်သွားဖူးသော်လည်း တစ်ချက်ကလေးမှ လှည့်မကြည့်ပေ။

အချိန်ကြာလာသည်နှင့်အမျှ ပိုင်ယုအာ၏နှလုံးဟာ အောက်ဆုံးထိ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ယခုအခါ ကျွင်းရှောင်ယောက်က သူ့ကို ခွင့်မလွှတ်နိုင်တော့ပြီဟုပင် ထင်မှတ်လာခဲ့ပြီ ဖြစ်သည်။

ယင်းက သူ့ဖခင်အတွက် ကျွင်းရှောင်ယောက်ထံမှ ဆေးရရန် အခွင့်အရေးမရှိတော့ပြီဟူသော အဓိပ္ပာယ်ဆိုရင်လည်း မမှားပေ။ ထို့အပြင် သူ့အတွက် တခြားနေရာမှရရန်လည်း အခွင့်အရေးမရှိ‌ပါချေ။ ယခုအခါ သူ့ဖခင်အတွက် မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်လာခဲ့ချေပြီ။

သို့ရာတွင် တကယ်တမ်းတွင် ဤသို့်မဟုတ်ပေ။ သူ့ဖခင်က လုံးဝပြန်လည် ကောင်းမွန်နေခဲ့ပြီ ဖြစ်၏။ ကျွင်းလင်းလုံက နှုတ်ပိတ်ထား၍သာ သူမ မသိရသေးခြင်း ဖြစ်ချေသည်။

ထို့ကြောင့်ပင် ပိုင်ယုအာက မျှော်လင့်ချက် ပျောက်ဆုံးသွားသကဲ့သို့ တွေးနေမိတော့သည်။ စိတ်ပျက်အားငယ်မှုများဖြင့် မျက်လုံးများပင် နီရဲလာသည်။

ထိုအချိန်တွင် ခြေသံသဲ့သဲ့ကို ကြားလာခဲ့ရသည်။

ပိုင်ယုအာ မဝံ့မရဲဖြင့် မော့ကြည့်လိုက်သောအခါ အသက်ရှုရပ်လုနီးပါး ဖြစ်သွားခဲ့ရ၏။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now