အပိုင်း ၄၆

700 69 0
                                    

အခန်း ( ၄၆ ) နန်ထျန်းမြို့၊ တာအိုဂိုဏ်းက ကိုယ်တိုင်ထွက်ပြီး ကြိုဆိုရအောင် ဒါ ဘယ်က မဟာပုဂ္ဂိုလ်ကြီး ရောက်လာမှာမို့ပါလိမ့်

နန်းယွမ်စီရင်စုတွင် အဓိပဓိယွမ်ထျန်း၏ရတနာသိုက် ထွက်ပေါ်လာသောသတင်းက အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်းအင်အားစုများနှင့် အဓိက အင်အားစုများသည်လည်း နန်းယွမ်စီရင်စုကို စတင်ထွက်ခွာလာကြသည်။

ပုံသဏ္ဍန်အမျိုးမျိုးရှိသော ရထားလုံးများ၊ မိုးပျံသားရဲများကလည်း လေထဲတွင် စည်ကားသက်ဝင်စွာ ပြေးဆွဲနေကြ၏။

သို့သော်လည်း နောက်ဆုံးတွင် ရတနာကို ရနိုင်သူက ရှေးဟောင်းအင်အားစုများသာ ဖြစ်မည်ဟုတော့ သူတို့သိကြပြီးသားပင်။

ဤရတနာသိုက်က ရှေးဟောင်းအင်အားစုများမှ ပါရမီရှင်များအတွက် လေ့ကျင့်ရန် နေရာကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ဥပမာအားဖြင့် ဘိုးဘေးနဂါးသိုက်မှ ပျံသန်းသွားသော ကြေးခွံချပ်ဝတ်နဂါးတစ်ကောင်ကို မြင်တွေ့ခဲ့ရသည်။ နဂါးအပေါ်တွင်ကား ပုံရိပ်တစ်ခုဟာ သူရဲကောင်းဆန်စွာ ရပ်နေပေ၏။

၎င်းက ဘိုးဘေးနဂါးသိုက်မှ ပါရမီရှင် နဂါးမင်းသမီးသာ ဖြစ်တော့သည်။ သူက ဘိုးဘေးနဂါးသိုက်တွင် အဆင့်မြင့်သော မျိုးရိုးမှ ဆင်းသက်လာခဲ့သူမှန်း အားလုံးသိထားခဲ့ကြသည်။

တချို့ကလည်း လေထဲမှ ပြေးလွှားသွားသော ရှေးဟောင်းကျိမိသားစုမှ ရွှေရောင်ကောင်းကင်မြင်းသိုးတစ်ကောင်ကို မြင်တွေ့ကြရ၏။ မြင်းသိုးအပေါ်တွင်ကား စစ်မြေပြင်မှပြန်လာသော ဗိုလ်ချုပ်ကြီးကဲ့သို့ လူငယ်တစ်ယောက် ထိုင်လျက်လိုက်ပါလာသည်။ သူ့ညာလက်ရုံးသည်လည်း နတ်အလင်းများ တောက်ပနေ၏။

"အဲတာ ရှေးဟောင်းကျိမိသားစုက သူတော်ငယ် ကျိရွှမ်ပါပဲဗျာ"
တစ်ယောက်က ရှင်းပြပေးသည်။

ရှေးဟောင်းအင်ပါယာမိသားစုများကလည်း ပြေးလွှားလာနေကြသူများ ဖြစ်၏။

တချို့ကလည်း ခေါင်းကိုးလုံးပါသော ရွှေခြင်္သေ့ကြီးတစ်ကောင်က ကောင်းကင်ကို ဖြတ်သန်း၍ လျင်မြန်စွာ ပြေးလွှားသွားသည်ကို မြင်တွေ့လိုက်ရသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now