အခန်း ၅၁ မှ ၅၅

944 73 2
                                    

အခန်း ( ၅၁ ) ကျွင်းဝမ်ကျဲ ဖွင့်ဟဝန်ခံခြင်း၊ ကောင်းကင်ကိုးဆင့်နှင့် ကမ္ဘာဆယ်ခု၊ မောင်နှမနှစ်ယောက်၏ ပုံပြင်လေး

နန်ထျန်းမြို့ရှိ ကျင့်ကြံသူအားလုံးက ကျွင်းရှောင်ယောက်ခြေထောက်အောက်တွင် နင်းချေခံထားရသော ကျွင်းဝမ်ကျဲကို ကြည့်လိုက်သည်။

ဤအခြေအနေမျိုးတွင် မည်သူမဆို စိတ်ဓာတ်ပြိုလဲသွားလောက်၏။ ကျွင်းဝမ်ကျဲကဲ့သို့ မာနကြီးသူများလည်း ခြွင်းချက်မရှိပေ။

ကျွင်းရှောင်ယောက်၏ ထက်ရှသောစကားများကြောင့်လည်း ကျွင်းဝမ်ကျဲ၏နှလုံးသားဟာ ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ့အဖို့ လက်ရှိရာထူးကိုရရှိရန် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားရင်း အခက်အခဲများနှင့် အတားအဆီးများစွာကို ရင်ဆိုင် ဖြတ်ကျော်ခဲ့ရသည်။

သို့သော်လည်း အလွယ်တကူတိုးတက်လာသော ကျွင်းရှောင်ယောက်ထံတွင် အလွယ်တကူ နင်းချေခံရ၏။

ထို့ကြောင့် လက်ရှိတွင် ကျွင်းဝမ်ကျဲ မည်သို့ခံစားရသည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။

"ကျွင်းရှောင်ယောက်၊ မင်း..."
ကျွင်းဝမ်ကျဲ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ခါလာသည်။ သူ့အသိစိတ်များလည်း ပျောက်ကွယ်တော့မည်ကဲ့သို့ ဖြစ်လာရ၏။

"မင်းရဲ့ ကပ်ဘေးရှင်သန်ကောင်းကင်နည်းလမ်း အဓိပဓိကျမ်းက ငါ့အတွက် နည်းနည်းတော့ အသုံးဝင်တယ်"
ကျွင်းရှောင်ယောက်ဟာ ကျွင်းဝမ်ကျဲထံမှ 'ကပ်ဘေးရှင်သန်ကောင်းကင်နည်းလမ်း'၏ ကျောက်စိမ်းစာလိပ်ကို ‌ရှာကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်ဟာ အဓိပဓိကျမ်းများစွာကို သိ၏။ သို့သော်လည်း 'ကပ်ဘေးရှင်သန်ကောင်းကင်နည်းလမ်း'က ကပ်ဘေးဒုက္ခများနှင့် ပိုသက်ဆိုင်ပေသည်။

ကျွင်းရှောင်ယောက်အဖို့ အနာဂတ်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာကပ်ဘေးများကို ရင်ဆိုင်ရမှာ မလွဲမသေပင် ဖြစ်သည်။ ထိုကပ်ဘေးများကို ဖြတ်ကျော်ရာတွင် ဤကျမ်းစာက အထောက်အကူ ရနိုင်ကောင်း၏။

ကျွင်းရှောင်ယောက်က သူ၏ အဓိပဓိကျမ်းကို ယူငင်သွားတာမြင်သောအခါ ကျွင်းဝမ်ကျဲ ဒေါသထွက်လွန်း၍ သွေးများပင် ဆူပွက်လာသည်။ သို့သော် ဘာမျှမတတ်နိုင်ပေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now