အပိုင်း ၂၆၆ မှ ၂၇၀

527 59 0
                                    

အခန်း ( ၂၆၆ ) ဝမ့်ချွမ်၏ ကျရှုံးမှု၊ သေခြင်းအဆုံး၏အဆုံး၊ ကြောက်စရာကောင်းသော အဝိဇ္ဇာမီး။

မင်းသမီးလုံကျိ၏ ပြန်လည်ထွက်ပေါ်လာခြင်းက အင်မော်တယ်နယ်မြေကြီးကို ထပ်မံလှုပ်ခတ်လာစေသည်။

သို့ရာတွင် အောက်ကမ္ဘာတွင်ရှိသော ကျွင်းရှောင်ယောက်က ထိုအကြောင်းများကို အနည်းငယ်မျှမသိပေ။
 
ကျွင်းမိသားစုကလည်း သူ့ကို ပြန်လာခဲ့ရန် မပြောပါချေ။

ကျွင်းကျန်းထျန်းသည် ကျွင်းရှောင်ယောက်က အောက်ကမ္ဘာတွင် ကြီးမားသော အသွင်ကူးပြောင်းမှုကို ပြုလုပ်မည်မှန်းသိသောကြောင့် အနှောင့်အယှက်မပေးစေခြင်း ဖြစ်သည်။

လူစွမ်းကောင်းဝိညာဥ်ပလ္လင်အထက်တွင် ကျွင်းရှောင်ယောက်က တင်ပျဉ်ခွေထိုင်ပြီး တာအိုကို နားလည်ဆင်ခြင်နေသည်။

သူသည် ခေတ်အဆက်ဆက်မှ တင်ပျဉ်ခွေထိုင်နေသကဲ့သို့ပင်၊ ကမ္ဘာ့မူလဆယ်ခုကလည်း ကြယ်ကြီးကိုးလုံးကဲ့သို့ သူ့ကို လှည့်ပတ်နေပေသည်။

ယင်းက ကမ္ဘာကို လှည့်ပတ်နေသော လများကဲ့သို့ပင်။

ကျွင်းရှောင်ယောက်က ကမ္ဘာ့မူလများကို အင်မော်တယ်မျိုးစေ့အဖြစ် အသုံးမပြုလိုပေ။
 
ထူးခြားသည့်လမ်းကို လျှောက်လှမ်းသွားလိုသည်။

သူ၏ အင်မော်တယ်မျိုးစေ့က သူ့နည်းသူ့ဟန်သာ ဖြစ်သည်။

ယင်းက လုံးဝ မတူညီသော ခန္ဓာကိုယ်တစ်မျိုးပင် ဖြစ်သည်။

ဟုတ်ပေသည်၊ ဒါကလည်း အလွန်ခက်ခဲသည်။ ဤအရာများကိုသာ အလွယ်တကူလုပ်လို့ရပါက လူစွမ်းကောင်းဝိညာဉ်ယဇ်ပလ္လင်တွင် အရိုးအများကြီး ကျန်ရှိနေမည် မဟုတ်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က ယခင်ပါရမီရှင်များနှင့် မတူပေ။

သူ၏နောက်ခံ၊ အလေ့ကျင့်နှင့် တာအိုတို့က အခြားရှေးဟောင်းပါရမီရှင်များ မနှိုင်းယှဉ်သာပါချေ။
 
ကျွင်းရှောင်ယောက်သည် ရှေးခေတ်ကတည်းက ကမ္ဘာပေါ်တွင် အကြီးမားဆုံး မတူညီမှုရှိသူ ဖြစ်သည်။

နောက်ဆုံးတွင် သူ၏ဝိညာဉ်သည်ပင် ဤလောကမှ မဟုတ်ပါ။

ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ ဤလမ်းကို ဖောက်လုပ်နိုင်လောက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now