၄၄၁ - ၄၄၅

480 52 0
                                    

အခန်း ( ၄၄၁ ) လုံအိုထျန်း နယ်ပယ်ချိုးဖြတ်ခြင်း၊ ဘုရင်သတ်အစီအစဉ်ကို တရားဝင်စတင်လိုက်ပြီ။

နဂါးမျိုးနွယ်၏ ဘိုးဘွားမြေတွင်…

လွန်ခဲ့သည့်ခြောက်လအတွင်း၌ အိုကွမ်၊ အိုလွမ်၊ လုံပိကျစ်၊ ပိုင်မေအာနှင့် အခြားသူများက ရှေးနဂါးဂူတွင် စောင့်နေခဲ့ကြသည်။

အိုကွမ် စောင့်နေရသည့် အကြောင်းရင်းက သူ၏ နတ်လက်နက်ကို ပြီးပြည့်စုံအောင် ပြုလုပ်ချင်၍ ဖြစ်ပေသည်။

တစ်ဖက်မှာလည်း လုံအိုထျန်း အသက်ရှင်လျက် ထွက်လာနိုင်မလားဆိုသည်ကိုလည်း သိချင်နေမိသည်။

မဟုတ်ပါက တားမြစ်မြေသို့ ဝင်ရောက်ရန် အခြား ကိုယ်စားလှယ်လောင်းတစ်ဦးကို စီစဉ်ရပေမည်။

အိုလွမ်နှင့် လုံပိကျစ်တို့ကတော့ သဘာဝအတိုင်း လုံပိုထျန်း၏ လုံခြုံရေးကို စိုးရိမ်ကြသောကြောင့် ဖြစ်သည်။

ပိုင်မေအာကမူ အပေါ်ယံတွင် စိုးရိမ်နေသည့်ပုံပေါ်နေသော်လည်း လုံအိုထျန်း ဘယ်တော့မှ ပြန်မလာနိုင်ရန် မျှော်လင့်လျက် ရှိသည်။

"နှစ်ဝက်တောင် ရှိပြီ၊ အစ်ကိုဝမ်းကွဲ၊ သခင်လေးလုံ တစ်ခုခုဖြစ်သွားခဲ့ပြီလား"
အိုလွမ်က စိုးရိမ်တကြီးဖြင့် မေးသည်။

နောက်ဆုံးတွင် လုံအိုထျန်းထံမှ လှုပ်ရှားမှုမရှိတာ အချိန် အတော်ကြာသွားပြီ ဖြစ်သည်။ သူ သေဆုံးသွားပြီလား၊ ရှင်သန်သေးသလား မသိရသေးပေ။

"သူက ငါ့သတိပေးချက်ကို နားမထောင်ဘဲ ရှေးနဂါးဂူရဲ့ အနက်ရှိုင်းဆုံးနေရာကို ခွင့်မပြုဘဲ ဝင်သွားခဲ့တာကို၊ သူ့ရဲ့ ခွန်အားနဲ့ဆိုရင် ကျဆုံးဖို့ ကိုးဆယ်ရာခိုင်နှုန်း အခွင့်အလမ်း ရှိတယ်"
အိုကွမ်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

ပထမတော့ သူဟာ လုံအိုထျန်းကို အတော်လေး အကောင်းမြင်ခဲ့ပြီး ရှန်းကုတံဆိပ်ပြား ရယူရာတွင် ကူညီပေးစေချင်ခဲ့သည်။

ယခုတော့ အခွင့်မရှိဟု ထင်မှတ်ရပေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ…”
လုံပိကျစ်လည်း မယုံကြည်နိုင်ဘဲ ဖြစ်သွားသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now