အပိုင်း ၁၅၁ မှ ၁၅၅

651 53 0
                                    

အခန်း ( ၁၅၁ ) အားလုံး တုန်လှုပ်ကြခြင်း၊ အတားအဆီးများကို တိုက်ရိုက်ဖြတ်ကျော်သည်။

တိတ်ဆိတ်သည်။

အလွန်အမင်း တိတ်ဆိတ်၏။

ဤနေရာတွင် ကျင့်ကြံသူများ သိန်းနှင့်ချီ၍ စုဝေးနေကြောင်း ထင်ရှားသည်။

သို့တိုင် ဘယ်သူမှ အသံမထွက်ပါ။

အားလုံးက တုန်လှုပ်စွာဖြင့် ရှေးဟောင်း၊ လူသစ် အားလုံးကို ဖိနှိပ်နေသောလူရိပ်အား မော့ကြည့်လိုက်ကြသည်။

"ဒါ... ဒါက အင်မော်တယ်ပဲလား"
ကျင့်ကြံသူတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်သည်။

"မဟုတ်ဘူး၊ အင်မော်တယ် ဒီလောက်မဖြစ်နိုင်ဘူး၊ ဒီလူအရှေ့မှာ အင်မော်တယ်တောင် ဒူးထောက်ရမယ်"
မဟာအကြီးအကဲကလည်း တုန်လှုပ်စွာ ပြောလိုက်သည်။

ကြောက်စရာကောင်းသည်။

ကြောက်စရာ ကောင်းလွန်း၏။

'ဒါက ဘယ်လိုဖြစ်ရတာလဲ'
ကျိချင်းရီ၏ အနေအထားဖြင့်ပင် မအံ့ဩဘဲ မနေနိုင်တော့ပါ။

ယခင်က ပါရမီရှင်များဟာ ထူးခြားသော သဘာဝအာရုံမျိုးစုံဖြင့် ရပ်တည်နေခဲ့သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်ထံမှ သဘာအာရုံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပါရမီရှင်အားလုံး၏ သဘာဝပုံရိပ်များ ကျိုးကြေပျက်ဆီးသွားရ၏။

ယင်းက မယုံနိုင်စရာကောင်းသည်။

အကယ်ဒမီမှ မဟာအကြီးအကဲလည်း အလွန်အံ့အားသင့်ကာ တစ်ကိုယ်လုံး အေးစက်သွားသည်။

ရုတ်တရက် ဌာနမှူးနှင့် အခြားသူများ၏ ဆုံးဖြတ်ချက်သည် ဉာဏ်ကောင်းလွန်းသည်ဟု ရုတ်တရက် ခံစားလာရသည်။

ကျွင်းရှောင်ယောက်က အမှန်တကယ် ကြောက်စရာကောင်းလွန်း၏။

မြင့်မြတ်ဝိညာဉ်အကယ်ဒမီသာ ထိုလူ့ကို ဆန့်ကျင်ခဲ့မိပါက ကောင်းစွာ နေရတော့မည် မဟုတ်ပေ။

ယင်းကိုတွေးပြီးနောက် မဟာအကြီးအကဲ၏ နှလုံးသားထဲမှ  နာကျည်းမှုများလည်း ငြိမ်သက်သွားတော့သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now