အပိုင်း ၃၃

762 77 0
                                    

အခန်း ( ၃၃ ) အမှိုက်ကျုံးသမားလေးပါကွာ၊ လန်ချင်းယာ့ကို လက်ဝါးတစ်ချက်နှင့် သတ်ဖြတ်ခြင်း

ကျွင်းရှောင်ယောက်ဟာ လုံးဝဂရုမစိုက်ဘဲ ကျယ်လောင်စွာ ပြောလိုက်ခြင်း ဖြစ်သည်။

ထိုစကားသံကြားသည်နှင့် ခန်းမအတွင်းရှိလူအားလုံး နှလုံးသားများ တုန်ခါသွားကြ၏။

ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဟု အမှန်တကယ် ခေါ်ဆိုထိုက်ပေသည်။ သူက ဘိုးဘေးနဂါးသိုက်မှမင်းသားကို အမှုန်အမွှားလေးပါဟု ပြောဝံ့သည်။

လုံဟောက်ထျန်းကလည်း ဆွံ့အနားမကြား မဟုတ်ပေရာ ကျွင်းရှောင်ယောက်ပြောသည်ကို သဘာဝအတိုင်း ကြားလိုက်ရ၏။

သူ့မျက်လုံးက ကျဉ်းမြောင်းသွားကာ အေးစက်စက်အလင်းများလည်း ထွက်ပေါ်လာတော့သည်။

ဤတစ်ခေါက် သူလာရခြင်းဟာ ကျွင်းမိသားစုမှ နတ်ဘုရားသားတော်ကို နင်းချေ၍ ဘိုးဘေးနဂါးသိုက်၏ ဂုဏ်သိက္ခာကိုမြှင့်တင်ကာ ကျွင်းမိသားစုကိုသိက္ခာချရန် ဖြစ်သည်။

ထို့အပြင် ဘိုးဘေးနဂါးသိုက်၏ ဂုဏ်သတင်းက ယခင်ကလောက် မကောင်းတော့ပေ။

သူတော်စင်ကျွင်းဝူဟွေ့က ဘိုးဘေးနဂါးအသိုက်၏ အဓိပဓိတစ်ပိုင်း တန်ခိုးရှင်ကို သတ်ဖြတ်လိုက်ချိန်မှစ၍ လူဘုံအလယ်တွင် လှောင်ရယ်စရာတစ်ခု ဖြစ်လာခဲ့ရသည်။

အားလုံးက ဘိုးဘေးနဂါးသိုက်မှ လူများရှေ့တွင် ပြောင်ပြောင်တင်းတင်း မပြောဝံ့သော်လည်း ကွယ်ရာတွင် တိတ်တဆိတ် လှောင်ပြောင်ခဲ့ကြ၏။

ထို့ကြောင့်ပင် လုံဟောက်ထျန်းက ကျွင်းဝူဟွေ့၏သားကို နင်းချေရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုမျှသာမကဘဲ လုံဟောက်ထျန်းတွင် ထိုသို့လုပ်ဆောင်ရန် ယုံကြည်ချက်ရှိ၏။

သူက နဂါးအဆီအနှစ်ပိုင်းကိုပင် ပေါင်းစပ်ခဲ့ပြီးပြီ ဖြစ်သည်။ ၎င်းကို လုံး၀မသန့်စင်ရသေးသော်လည်း မျိုးဆက်သစ်လူငယ်များကြား အထွတ်အထိပ်တွင် ရပ်တည်ရန် လုံလောက်၏။

အထူးပါရမီရှင်တချို့ကိုမှလွဲ၍ သူဟာ မည်သူ့ကိုမျှ မကြောက်ပါချေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now