အပိုင်း ၄၉

638 74 0
                                    

အခန်း ( ၄၉ ) ကလဲ့စားချေရန် နေ့၊ညရွေးစရာ မလိုပေ၊ တိမ်မည်းကလန်မှ ပါရမီရှင်ကို ပေါ့ပေါ့ပါးပါးဖြင့် သတ်ဖြတ်ခြင်း

ခဏကြာသောအခါ ကျွင်းရှောင်ယောက်ထံသို့ ကျွင်းကျန်းကျန့်နှင့်ကျွင်းလင်းလုံ ပြန်ရောက်လာခဲ့ကြသည်။

"သခင်လေး... ကျွန်မ စိတ်ငြိမ်လက်ဖက်ရည် ရလာခဲ့ပါပြီ"
ကျွင်းလင်းလုံက ဖြူဖပ်ဖြူရော်မျက်နှာထက်တွင် အပြုံးပန်းတစ်ခုကိုဆင်ရင်း ပြောလိုက်သည်။

"အင်း.."
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သော်လည်း ကျွင်းကျန်းကျန့်နှင့် ကျွင်းလင်းလုံ၏ ထူးခြားနေသော အမူအရာများကို ရုတ်တရက် သတိပြုမိသွားသည်။

ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်ကာ ကျွင်းလင်းလုံထံ လျှောက်သွားလိုက်သည်။

"သခင်လေး"
ကျွင်းလင်းလုံ အနည်းငယ် စိတ်မသက်မသာဖြစ်သကဲ့သို့ ခံစားလိုက်ရ၏။

ကျွင်းရှောင်ယောက်လည်း သူ့လက်ကိုမြှောက်၍ ကျွင်းလင်းလုံနှုတ်ခမ်းမှ သွေးစလေးများကို နူးညံ့စွာ သုတ်ပေးလိုက်သည်။

ထိုကဲ့သို့ ရင်းနှီးသော အပြုအမူကြောင့် ကျွင်းလင်းလုံ အံ့အားသင့်ကာ မျက်နှာအနည်းငယ် နီရဲသွား၏။

ကျွင်းရှောင်‌ယောက် မေးလိုက်သည်။
"ဘာဖြစ်တာလဲ"

ကျွင်းလင်းလုံကို သူစိတ်မဝင်စားသော်လည်း အနည်းဆုံးတော့ သူ့ဘေးနားမှ လူတစ်ယောက် ဖြစ်နေဆဲပင်။

ထို့ကြောင့် သူမကို တိုက်ခိုက်ခြင်းက သူ့ကို ရန်စခြင်းပင် ဖြစ်သည်။

"ငါ့အမှားပါ နတ်ဘုရားကလေးငယ်..၊ ကျွင်းဝမ်ကျဲကို ငါမတားနိုင်ခဲ့ဘူး"
ကျွင်းကျန်းကျန့် ပြောလိုက်သည်။

"ရှင်းအောင်ပြောစမ်း"
ကျွင်းရှောင်ယောက် ပြောလိုက်၏။

ကျွင်းကျန်းကျန့်လည်း အဖြစ်အပျက်များကို ပြန်ပြောင်း ပြောပြလိုက်တော့သည်။

"ငတုံးမလေးရယ်... မင်းကိုယ်တိုင် ထိခိုက်ထားတာတောင် ငါ့အတွက် လက်ဖက်ရည်ဝယ်ဖို့ တွေးနေရသေးတယ်လို့"
ကျွင်းရှောင်ယောက် ခေါင်းကိုခါယမ်းလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now