676 - 680

300 28 0
                                    

အခန်း ( ၆၇၆ ) ကမ္ဘာဖျက် မိုးကြိုးကပ်ဘေးဒုက္ခနှင့် နတ်သံကြိုးများ၊ ကျွင်းရှောင်ယောက်အတွက် အထူးအစီအစဉ်။

ဖန်ဆင်းခြင်းလှေထဲတွင် မိုးနှင့်မြေက ကမောက်ကမဖြစ်နေသည်။

ရှေးဘီလူးကြီးတစ်ကောင်က ကမ္ဘာကိုဆုပ်ကိုင်ပြီး လှုမ်ခါနေသကဲ့သို့ ဝရုန်းသုန်းကား ဖြစ်လာခဲ့၏။

တောင်များပြိုကာ မြစ်များ ပြိုကွဲသွားခဲ့သည်။

သားရဲကြီးများနှင့် ငှက်အပေါင်းတို့လည်း တစ်ခုခုကို ခံစားမိသကဲ့သို့ အော်မြည် ပြေးလွှားကြကုန်သည်။

“ဘာတွေဖြစ်နေတာလဲ၊ ဘာဖြစ်သွားတာလဲ”

"ဖန်ဆင်းခြင်းးလှေပိတ်တော့မှာလား”

ဖန်ဆင်းခြင်းလှေအတွင်းမှ ကမ္ဘာထဲရှိ ကျင့်ကြံသူ ပါရမီရှင်အားလုံးလည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

သို့သော်လည်း ၎င်းတို့သည် ဝင်ရောက်လာတာ မကြာသေး၍ အခွင့်အလမ်းများစွာ မရသေးသောကြောင့် ထွက်ခွာလိုစိတ် မရှိကြပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ လူများကတော့ ခြားနားသည်။

"ဖန်ဆင်းခြင်းလှေမှာ တစ်ခုခု မူမမှန်တာဖြစ်လာရင် တိုက်ရိုက်ထွက်သွားဖို့ မတွန့်ဆုတ်ရဘူးလို့ သခင်လေးက ပြောထားတယ်"
ရီယုက သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။

ထို့နောက်မှာတော့ ဖန်ဆင်းခြင်းလှေအတွင်းမှ ချက်ချင်း ထွက်သွားတော့သည်။

ရန်ယုမန်၊ ရှပင်းယွင်၊ ယွိချန်ကျွမ့်၊ ထိုက်ယင်ကျောက်စိမ်းယုန်၊ တားမြစ် တာအိုကလေးငယ်လေးယောက်နှင့် အခြားသူများ အားလုံးလည်း မဆိုင်းမတွဘဲ ဖန်ဆင်းခြင်းလှေကမ္ဘာမှ ထွက်ခွာသွားကြသည်။

ကျွင်းရှောင်ယောက်၏ သတိပေးချက်ကို ကြားဖူးသောကြောင့် သူတို့ မတွန့်ဆုတ်ခဲ့ပေ။

"ဟာကွာ၊ ဘာတွေဖြစ်နေတာလဲ"
ယွမ်စန်းတောက်ဇီလည်း တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။

သူက အတော်သတိကြီးပြီး ဆုံးဖြတ်ချက်ချ၍ အံကြိတ်ကာ တိုက်ရိုက်ထွက်သွားတော့သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now