အပိုင်း ၄၀၆ မှ ၄၁၀

519 49 0
                                    

အခန်း ( ၄၀၆ ) လုံအိုထျန်း စိမ်းလန်းနေပြန်သည်။

သတင်းကို သိရပြီးနောက် ကျွင်းရှောင်ယောက်သည် မိုးကြိုးမျောက်မျိုးနွယ်မှ ပါရမီရှင်ကို လက်ဝါးတစ်ချက်ဖြင့် တိုက်ရိုက်သတ်ခဲ့သည်။

မင်းသမီးလုံကျိလည်း ကျွင်းရှောင်ယောက်ကို သဘာဝမကျသော အကြည့်ဖြင့်  ကြည့်လေသည်။

ကျွင်းရှောင်ယောက်ဟာ သူမ၏ ရန်သူဖြစ်သော်လည်း ဝန်ခံရန် လိုသည်။

ကျွင်းရှောင်ယောက်မရှိလျှင် သူမ၏ ဤနောက်ကွယ်မှာ ဘယ်သူရှိမှန်း မသိနိုင်ရုံတင်မကဘဲ အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

သို့သော်လည်း မင်းသမီးလုံကျိဟာ ကျွင်းရှောင်ယောက်ကို ဒေါသထွက်နေဆဲပင်။ ကျွင်းရှောင်ယောက်က သူမကို အလွန်အရှက်ခွဲပြီး သူမခန္ဓာကိုပင် မြင်ခဲ့သည်။

“နောက်ကွယ်မှာ ဘယ်သူလဲဆိုတာ အခု မင်းသိပြီဆိုတော့ မင်းဒဏ်ရာတွေကို အရင်ကုသင့်တယ်၊ ပြီးရင် လက်စားချေဖို့ သွားရမယ်။ မင်းနဲ့ငါကြားက မကျေနပ်မှုတွေကိုတော့ အားလုံးပြီးမှ မင်းကို စိန်ခေါ်ဖို့ အခွင့်အရေးပေးမယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်သော လေသံဖြင့် ဆိုသည်။

ကျွင်းရှောင်ယောက်၏ စကားကိုကြားသော် မင်းသမီးလုံကျိ တိတ်ဆိတ်သွားခဲ့သည်။

ကျွင်းရှောင်ယောက်ကို ဘယ်လိုလူမှန်း သူမ မမြင်နိုင်တော့ပေ။

သူဟာ လူကောင်းမဟုတ်ဘဲ တကယ်ကို ဆိုးရွားလွန်းသူ ဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ကျွင်းရှောင်ယောက်က သူမကို ကယ်တင်ရုံသာမကဘဲ ကြိုးကိုင်သူကိုလည်း ရှာဖွေပေးနေပြန်သည်။

ရန်သူနှင့် ပြိုင်ဘက်အနေဖြင့် ကျွင်းရှောင်ယောက်ဟာ သူမသေဆုံးသည်ကို ထိုင်ကြည့်နေရုံဖြစ်ပြီး ဘာမျှလုပ်ရန် မလိုပေ။

"မင်းရဲ့ ဒဏ်ရာတွေကို မင်းကိုယ်တိုင်ပဲ သွားကုလိုက်၊ ငါက မင်းရဲ့ဒဏ်ရာတွေကို ကုပေးမှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက် လှည့်ထွက်သွားခဲ့သည်။

ကျွင်းရှောင်ယောက် ပြန်ထွက်သွားသည်ကိုကြည့်ကာ မင်းသမီးလုံကျိလည်း  အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now