အပိုင်း ၄၂၆ - ၄၃၀

517 52 3
                                    

အခန်း ( ၄၂၆ ) ရှန်းကုတာအိုရေကန် နှစ်ကြိမ် ပေါက်ကွဲခြင်း၊ အခြားဒေသများမှ ပါရမီရှင်များ ရောက်လာပြီ။

ကျွင်းရှောင်ယောက်ဟာ လုံအိုထျန်းကို မသတ်ခဲ့မိသည့်အတွက် စိတ်မကောင်းခြင်း မရှိပေ။

အကြောင်းမှာ လုံအိုထျန်းက သူ့ကို ဆက်လက်တိုက်ခိုက်နေသရွေ့ နောက်ဆုံးရလဒ်မှာ သေခြင်းပင် ဖြစ်သည်။

သူက မသေသေးလျှင်ပင် အနှေးနှင့်အမြန်သာ ကွာလိမ့်မည်။

သို့သော်လည်း လုံအိုထျန်း မကျဆုံးမီ ကျွင်းရှောင်ယောက်အတွက် အံ့အားသင့်မှုများနှင့် အကျိုးကျေးဇူးတချို့ ယူဆောင်လာနိုင်သည်။

ထို့ကြောင့် လုံအိုထျန်း လွတ်မြောက်သွားသောအခါ ကျွင်းရှောင်ယောက်က  စိတ်အနှောက်အယှက်မဖြစ်ရုံသာမက စိတ်အေးလက်အေးပင် ရှိခဲ့သည်။

ငါးကြီး‌ကြီးတစ်ကောင် ရလိုပါက စိတ်ရှည်ရပေမည်။
  
သူတို့ကို မသတ်မီ ဆူဖြိုးသည်အထိ စောင့်ရမည်။

ယခုအချိန်တွင် မီတာတစ်သောင်း ရေကန်က တိတ်ဆိတ်သွားခဲ့သည်။

ယခင်က လုံအိုထျန်းနှင့်အတူ ပြေးဝင်လာခဲ့သော ရှန်းကုသတ္တဝါများ အားလုံးကတော့ ယခုအချိန်တွင် ငရဲတံခါးမှ နတ်ဆိုးများကြောင့် သတ်ဖြတ်ခံခဲ့ရချေပြီ။

"အံ့ဩစရာကောင်းလိုက်တာ၊ ဒါက ကြောက်စရာကောင်းလွန်းတယ်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လက်ထဲမှာ ဘိုးဘွားနဂါးသိုက်ရဲ့ ပထမ တားမြစ်တည်ရှိမှုက ခုခံနိုင်စွမ်းတောင် မရှိဘူး"

အပြင်လူအားလုံးလည်း အိပ်မက်မက်နေသလို ခံစားခဲ့ရသည်။

မူလက သူတို့ဟာ နဂါးနှင့် ကျားတို့ကြားမှ အံ့သြဖွယ်ကောင်းသော တိုက်ပွဲကြီးကို မြင်တွေ့ရမည်ဟု ထင်မြင်ခဲ့ကြသည်။

ရလဒ်အနေဖြင့် တစ်ဖက်သတ် ရိုက်နှက်ခြင်းသာ ဖြစ်နေခဲ့ပေပြီ။

လုံအိုထျန်း၏ နဂါးအနှစ်သာရခုနစ်ခုကိုပင် ကျွင်းရှောင်ယောက်က သိမ်းယူသွားခဲ့သည်။

မလှုပ်ရှားသေးဘဲ အခြေအနေကို စောင့်ကြည့်နေသည့် ရှန်းကုသတ္တဝါများလည်း အလွန် ထိတ်လန့်သွားလေသည်။
   
"ဒါက နဂါးမျိုးနွယ်ရဲ့ဘုရင်ငယ် မင်းသားအိုကွမ်နော်၊ သူက ပုံရိပ်တစ်ခုဆိုရင်တောင် အစစ်အမှန်နတ်ဘုရားနယ်ပယ် ပါရမီရှင်တွေကို အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိတယ်၊ ဒါပေမဲ့ ကျွင်းရှောင်ယောက်ရဲ့ တိုက်ခိုက်မှုကိုတော့ တားဆီးလို့မရသေးဘူး"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now